Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ပေါ် တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ၊ ဒဏ်ရာရသူများရှိ

ဒီဇင်ဘာ ၄ရက် နေ့လယ်ပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ် ရဲဘော်များက မင်းတပ်မြို့ ဘ၀သစ်ရပ်ကွက် စာတိုက်ရုံးလမ်းဆုံအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(မင်းတပ်မြို့အဝင် စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Hkl Mindat)
(မင်းတပ်မြို့အဝင် စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Hkl Mindat)

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ညက ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများရှိသည်ဟုဒေသခံကနှင့် မင်းတပ် CDF ကွန်မန်ဒိုတပ်ဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

“ထိပ်တိုက်ဆုံမိလို့ဖြစ်တာ။ သူတို့ဘက်က အင်အား တော်တော်လေးများတယ်။ ကျတာကတော့ သူတို့ဘက်က တစ်ယောက်ကတော့ တိုက်ပွဲမြေပြင်မှာ ကျသွားတယ်။ပြီးရင်သူတို့ မင်းတပ်အခြေစိုက် (၂၇၄)တပ်ရင်း အဲဒီကိုပြန်ရောက်သွားတော့ တစ်ယောက်က ပြန်ကျသွားတယ်။ ကျတာ နှစ်ယောက် ပြီးရင် ဒဏ်ရာရတာက ခြောက်ယောက်ရှိတယ်။ နည်းနည်းပြင်းထန်တာက လေးယောက်ရှိတယ်ပြောတယ်”ဟု CDFမင်းတပ် ကွန်မန်ဒိုတပ်ဖွဲ့မှ ဆလိုင်းအန်ထော်နီက စစ်ကောင်စီတပ် အကျအဆုံးအခြေအနေကို ပြောပြသည်။

ဒီဇင်ဘာ ၄ရက် နေ့လယ်ပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ် ရဲဘော်များက မင်းတပ်မြို့ ဘ၀သစ်ရပ်ကွက် စာတိုက်ရုံးလမ်းဆုံအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့က ပစ်ခတ်မှုဖြစ်ကြတာ။ ဒီမနက်တော့ပုံမှန်ပါပဲ” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ တစ်ဦး ပွဲချင်းပြီး သေဆုံးကာ စစ်သားနှင့် ရဲ ၆ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူ ၄ဦးရှိပြီး ယင်းအနက် တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ရှင်းပြသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီး ပစ်ခတ်မှု အချက် ၃၀ကျော် ပြုလုပ်ခဲ့သည်ဟု ဆလိုင်းအန်ထော်နီက ပြောသည်။

“ကျနော်တို့ ကင်းလွတ်တဲ့နေရာရောက်တဲ့အချိန်မှာ ပြည်သူကို ပစ်တာရှိတယ်။ ပြီးရင် တောက်လျှာက်ပဲ အိမ်တွေအကုန်လုံးပတ်မွှေတာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီပစ်ခတ်၍ အရပ်သား လူငယ်တစ်ဦး ထိခိုက်ခဲ့ပြီး မြို့ပေါ် ရပ်ကွက်ရှိ နေအိမ်များကို မွှေနောက်ရာတွင်လည်း အမျိုးသမီးတစ်ဦးထံမှကျပ်သိန်း ၃၀ယူဆောင်သွားခြင်း ဖြစ်စဉ်များရှိခဲ့သည်ဟု ဆလိုင်းအန်ထော်နီက ပြောသည်။

နိုဝင်ဘာ ၂၆ရက်ကလည်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ကို CDFက တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။