Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျက်ကျမှုအပြီး Osprey မျိုးစပ် ရဟတ်ယာဉ် အားလုံး ပျံသန်းမှုကို အမေရိကန် ဆိုင်းငံ့

ဂျပန်မှာ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သလို တိကျတဲ့ အဖြေတွေ ထွက်ပေါ်မလာမချင်း Ospreyအားလုံး အသုံးပြုမှုကို ရပ်နားထားမယ်လို့ အမေရိကန် လေတပ်က ဆိုပါတယ်။

ပျက်ကျမှုအပြီး Osprey မျိုးစပ် ရဟတ်ယာဉ် အားလုံး ပျံသန်းမှုကို အမေရိကန် ဆိုင်းငံ့
ပျက်ကျမှုအပြီး Osprey မျိုးစပ် ရဟတ်ယာဉ် အားလုံး ပျံသန်းမှုကို အမေရိကန် ဆိုင်းငံ့

ဂျပန်ကမ်းလွန်မှာ တစ်စီး ပျက်ကျခဲ့တဲ့ပြီးနောက်ပိုင်း အမေရိကန်ဟာ တပ်ဖွဲ့အသီးသီးမှာ အသုံးပြုနေတဲ့ Osprey မျိုးစပ် ရဟတ်ယာဉ် အားလုံးကို ပျံသန်းခွင့် ပိတ်ပင်ထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျပန်မှာ လေ့ကျင့်ပျံသန်းရင်း ပင်လယ်ထဲ ပျက်ကျမှုကြောင့် Osprey တစ်စီးပေါ်က လေတပ် အဖွဲ့သား ၈ ဦးစလုံး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ဂျပန်က စစ်တပ်ရဲ့ Osprey အားလုံးကို ပျံသန်းခွင့် ဆိုင်းငံ့ထားခဲ့သလို အမေရိကန်ကိုလည်း အလားတူ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဂျပန်ဟာ အမေရိကန်အပြင် Ospreyတွေကို အသုံးပြုနေတဲ့ တစ်ခုတည်းသော နိုင်ငံပါ။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အစောပိုင်းမှာ ဂျပန်ရဲ့ တောင်းဆိုမှုကို ငြင်းဆိုထားခဲ့ပေမယ့် ဒီဇင်ဘာ ၆ ရက်မှာတော့ ပြည်တွင်းပြည်ပ အခြေစိုက် Osprey အားလုံးကို ပျံသန်းခွင့် ဆိုင်းငံ့ပြီး ပြန်လည် စစ်ဆေးသုံးသပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ရဟတ်ယာဉ်နဲ့ လေယာဉ် တည်ဆောက်မှုတွေကို ပေါင်းစပ်ထားတဲ့ Ospreyတွေကို အမေရိကန် လေတပ်၊ ရေတပ်၊ မရိန်းတပ်နဲ့ အာကာသ တပ်ဖွဲ့တွေမှာ အသုံးပြုနေပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်လို အတက်အဆင်း ပြုလုပ်နိုင်ပြီး တောင်ပံတပ် လေယာဉ်တွေကို ပျံသန်းနိုင်အောင် တည်ဆောက်ထားတဲ့ Ospreyတွေဟာ စစ်ဆင်ရေးအရ ထိရောက်တဲ့ အားသာချက်တွေ ရှိစေပေမယ့် မကြာခဏ ပျက်ကျမှုတွေကြောင့်လည်း လုံခြုံရေး ရှုထောင့်အရ စိုးရိမ်ရတဲ့ ပြဿနာတွေ ရှိနေပါတယ်။ Ospreyတွေဟာ ကိုယ်ထည်လုံးဝ ဆုံးရှုံးပျက်စီးသွားလောက်အောင် ဆိုးရွားတဲ့ မတော်တဆမှု ၁၆ ကြိမ် ကြုံခဲ့ဖူးပြီး အသေအပျောက် ၅၃ ဦးထိ ရှိခဲ့ဖူးပါတယ်။

ဂျပန်မှာ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သလို တိကျတဲ့ အဖြေတွေ ထွက်ပေါ်မလာမချင်း Ospreyအားလုံး အသုံးပြုမှုကို ရပ်နားထားမယ်လို့ အမေရိကန် လေတပ်က ဆိုပါတယ်။

Ospreyတွေကို ၂၀၀၇ ခုနှစ်မှာ စတင်မိတ်ဆက် အသုံးပြုခဲ့ပြီး နှစ်စဉ်လိုလို ပျက်ကျမှုနဲ့ မတော်တဆ သတင်းတွေ ကြားခဲ့ရတာပါ။ အခုနှစ် ဩဂုတ်လထဲမှာတည်း မော်ဒယ်လ်ကွဲ Osprey တစ်စီးဟာ ဩစတြေးလျမှာ လေ့ကျင့် ပျံသန်းရင်း ပျက်ကျတာကြောင့် အမေရိကန် မရိန်းစစ်သည် ၃ ဦးသေပြီး ၂၀ ဒဏ်ရာရခဲ့ပါတယ်။ မနှစ်တုန်းကလည်း ကယ်လီဖိုးနီးယား သဲကန္တာရ တစ်ခုထဲ Ospreyတစ်စီး ပျက်ကျပြီး မရိန်းစစ်သည် ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။