Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား PDF များတိုက်ခိုက်

စစ်အုပ်စုဘက်ကလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား PDF များတိုက်ခိုက်
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား PDF များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးပျူစောထီးကျေးရွာမှလာသော စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း FIRE Dragon (KU)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၅ ရက် နေ့လယ် ၂ နာရီခွဲခန့်ကမြင်းစီးပျူစောထီးရွာမှ ထွတ်လာသော အင်အား ၃၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သား၊ ရဲနှင့်ပျူစောထီးများအား ကန်သာကုန်းရွာ အရှေ့ကန်သို့ အရောက်တွင် စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း FIRE Dragon (KU)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် ရဲသုံးဦးနှင့် ပျူစာထီး နှစ်ဦးသေဆုံးကြောင်း ၎င်းက ဆိုသည်။

“သူတို့က ခြေလျင်ထွက်လာတာ။ စစ်သားကနည်းနည်း။ ရဲနဲ့ပျူများတာ။ မြင်းစီးပျူခြံမှာနေတာပါ။ ရွှေဘိုမြို့ပေါ်ကိုပြန်ဖို့ထွက်လာကြတာပါ။”ဟု FIRE Dragon (KU)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဘက်ကလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို FIRE Dragon (KU)အဖွဲ့နှင့် ONEDAY REVOLUTION FORCE (Shawe Bo)၊ ရွှေဘိုခရိုင် တပ်ရင်း(၄)နှင့် ရွှေဘိုမြို့ နယ်မြေခံပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာနှင့် ပန်းရံပျူစောထီးရွာရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား ဒေသတွင်းအခြားအဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက် ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။