Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် PDF နှင့် ပျူစောထီးတို့ ဒရုန်းများဖြင့် အပြန်အလှန် ဗုံးချတိုက်ခိုက်

ရွှေဘိုမြို့နယ်အရှေ့ခြမ်းတွင် ထိတွေ့မှုများဖြစ်ပွားနေသကဲ့သို့ ဧရာဝတီမြစ်အရှေ့ခြမ်း၊ စဥ့်ကူးနယ်တွင်လည်း စစ်ကောင်စီတပ်နှင့်ဒေသတွင်းတော်လှန်ရေးအင်အားစုများ ထိတွေ့ပစ်ခတ်မှုများရှိနေသည်။

(BLACK WOLF - ARMY အဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-BLACK WOLF - ARMY)
(BLACK WOLF - ARMY အဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-BLACK WOLF - ARMY)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း မြို့နယ်ခွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များနှင့် ပျူစောထီးအဖွဲ့တို့ ဒရုန်းများဖြင့် နှစ်ဖက်အပြန်အလှန် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ၂၆ ရက်) နံနက်ပိုင်းက ရွှေဘိုမြို့နယ်အရှေ့ခြမ်း၊ ကျောက်မြောင်းမြို့၊ ခြေမြန်တပ်ရင်း ခမရ(၁၂)မှ ထွက်လာသည့် အင်အား ၆၅ဦးပါ ပျူစောထီးအဖွဲ့အား နံနက် ၁၁ နာရီ မိနစ် ၄၀ခန့်တွင် မောင်းတက်ကျေးရွာအနီး၌ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပျူတွေချည်းပါ။ မောင်းတက်ရွာကို သွားတာ။ မရောက်ခင် ကြဲခဲ့တာဆိုတော့ ပြန်ဆုတ်သွားပါတယ်။”ဟု ၎င်းတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီး သုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်​သည်ဟု အတည်ပြုနိုင်ကြောင်း BLACK WOLF – ARMY၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ပျူစောထီးအဖွဲ့ကလည်း ဒရုန်းဖြင့် ဗုံးသီး နှစ်ကြိမ်ချကာ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုကို BLACK WOLF – ARMY ၊ Who am i – army ၊ Forest Fighter ၊ တိုက်နယ် ပကဖ (၄)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့နယ်အရှေ့ခြမ်းတွင် ထိတွေ့မှုများဖြစ်ပွားနေသကဲ့သို့ ဧရာဝတီမြစ်အရှေ့ခြမ်း၊ စဥ့်ကူးနယ်တွင်လည်း စစ်ကောင်စီတပ်နှင့်ဒေသတွင်းတော်လှန်ရေးအင်အားစုများ ထိတွေ့ပစ်ခတ်မှုများရှိနေသည်။