Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်စွဲထားသော အဓိက စခန်းကို PDFတိုက်ခိုက်သိမ်းပိုက်

ဗန်းမောက်မြို့နယ်အတွင်းရှိ ပင်ဟင်းခါးရွာမှ အဆိုပါ စခန်းကို ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များက ယခု ဒီဇင်ဘာလ ပထမလပတ်အတွင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်​ကြောင်း PDF အချို့က​ပြောသည်။

(စစ်သင်​တန်းတက်​ရောက်​နေ​သော PDF များ။ ဓါတ်ပုံ-BR)
(စစ်သင်​တန်းတက်​ရောက်​နေ​သော PDF များ။ ဓါတ်ပုံ-BR)

ဗန်းမောက်-ပင်လည်ဘူး ထိစပ်ဒေသမှ စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့(SNA)တပ်စွဲထားသော အဓိက စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ဗန်းမောက်မြို့နယ်အတွင်းရှိ ပင်ဟင်းခါးရွာမှ အဆိုပါ စခန်းကို ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များက ယခု ဒီဇင်ဘာလ ပထမလပတ်အတွင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်​ကြောင်း PDF အချို့က​ပြောသည်။

” အရမ်းတောင် မတိုက်လိုက်ရဘူး။ အကုန်ထွက်ပြေးတာ။ ခြင်းကျားတွေလည်း တွေ့တယ်။ ရွှေဖီဦးလက်ဖက်ရည်ထုပ်တွေလည်း ကျန်ခဲ့တယ်။ ပြန်ခံမတိုက်ဘဲ ပြေးကြတာ” ဟု ဗန်းမောက်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ပင်ဟင်းခါးရွာသည် ပင်လည်ဘူးနှင့် ဟုမ္မလင်းမြို့သို့ သွားသည့်အဓိက လမ်းပိုင်း၌ ရှိနေပြီး စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့(SNA)တပ်ဖွဲ့ဝင် ၂၀ ခန့်က ခြောက်လခန့်ကြာ တပ်စွဲထားသည့်နေရာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ဒီစခန်းကို ရလိုက်တာ ဗျူဟာကျတဲ့ အဓိကစခန်းကိုရလိုက်သလိုပဲ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ပြီးခဲ့သည့်လကလည်း ဗန်းမောက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် တပ်မ ၄၄ ‌လက်အောက်ခံ၊ ခလရ ၈ စစ်ကောင်စီစစ်ကြောင်းကိုကသာခရိုင်တပ်ရင်း(၄) လက်အောက်ခံ ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်းသေဆုံးပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook