Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ် နန်းတောင်စစ်ဆေးရေးဂိတ်ကို KNDOနှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

ဇန်နဝါရီ ၂၀ ရက် ညနေ ၃နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် ဂိတ်စခန်းချထားသော စစ်ကောင်စီတပ်၏ နန်တောင်စစ်ဆေးရေးဂိတ်ကို KNDO၊ PRDF၊ PPDF၊ ပုလောစစ်ကြောင်း (၁) ဗိုလ် မိုးကြိုးအဖွဲ့တို့ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်ကောင်စီတပ် စခန်းချစစ်ဆေးနေသည့် နန်းတောင်စစ်ဆေးရေးဂိတ်ဝန်းကျင်အားတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)
(စစ်ကောင်စီတပ် စခန်းချစစ်ဆေးနေသည့် နန်းတောင်စစ်ဆေးရေးဂိတ်ဝန်းကျင်အားတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ နန်းတောင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၂၀ ရက် ညနေ ၃နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် ဂိတ်စခန်းချထားသော စစ်ကောင်စီတပ်၏ နန်တောင်စစ်ဆေးရေးဂိတ်ကို KNDO၊ PRDF၊ PPDF၊ ပုလောစစ်ကြောင်း (၁) ဗိုလ် မိုးကြိုးအဖွဲ့တို့ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“KNDO ဦးဆောင်ပြီး PRDF၊ PPDF၊ ပုလောစစ်ကြောင်း(၁)၊ ဗိုလ်မိုးကြိုးအဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ ၆၀ မမ ဗုံးသီး ငါးလုံးနဲ့ ဒရုန်း ဗုံးသီးလေးလုံး ဖြင့် တိုက်ခိုက်ခဲ့ပါတယ်”ဟု ပုလောဒေသကာကွယ်ရေးတပ် (PRDF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပစ်မှတ်ထိရောက်မှုရှိပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေအား အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

KNDO နှင့် PDF ပူးပေါင်းတပ်များသွား ရောက်တိုက်ခိုက်ခဲ့သည့် နန်းတောင်စစ်ဆေးရေးဂိတ်စခန်းသည် ပုလောနယ်၊ မကျည်းကုန်းရွာအခြေစိုက် စစ်ကောင်စီလက်အောက် ခလရ (၂၈၅)တပ်နှင့် အနီးဆုံးတွင်ရှိသည့် ဂိတ်စခန်းတစ်ခုလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။