Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင် နောင်ထော်ဒေသရှိ စစ်ကောင်စီနှင့် PNOတပ် စခန်းနှင့် ဂိတ်စခန်း ၄ခု တိုက်ပွဲမဖြစ်ဘဲစွန့်ခွာသွား

နောင်ထော်ဒေသကို စစ်ကောင်စီက ယမန်နေ့ညတွင် တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဦးစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်း၌ပင် ဒေသတွင်းစစ် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ PNO တို့ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဆိုသည်။

(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Voice Of Pa-O)
(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Voice Of Pa-O)

▪️စခန်းမစွန့်ခွာမီ လေယာဉ်ဖြင့် ဗုံးကြဲ၍ စစ်ရှောင်အချို့ ထိခိုက်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(PNO) တပ်စခန်းများ ယမန်နေ့ ဇန်နဝါရီ ၂၂ရက်ညပိုင်း၌ စခန်းစွန့် ဆုတ်ခွာသွားကြောင်း ပအိုဝ်းတော်လှန်ရေးတပ်(PNLO)တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောင်ထော်ဒေသကို စစ်ကောင်စီက ယမန်နေ့ညတွင် တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဦးစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်း၌ပင် ဒေသတွင်းစစ် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ PNO တို့ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဆိုသည်။

(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Voice Of Pa-O)
(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Voice Of Pa-O)

“တိုက်ပွဲမဖြစ်ရဘူး။ သူတို့ဘာသာ သူတို့ မနေ့ညက လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ ကျနော်တို့ ဘာမှ မလုပ်ရဘဲနဲ့ သူတို့ဘာသာ သူတို့ မနေ့ညက ညနက် သန်းခေါင်အချိန်မှာ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ ဒီမနက်ကျတော့ လူမတွေ့တော့ဘူး။ စခန်းက အဲဒီ နောင်ထော်ရွာ အနီးတဝိုက်မှာရှိတဲ့ စခန်း ၂ခုက သူတို့ ဆုတ်ခွာသွားတယ်။ နောက်ပြီး သူတို့ စစ်ဆေးရေးဂိတ်(စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် PNOစစ်ဆေးရေးဂိတ်)လည်း သူတို့ ဆုတ်ခွာသွားတယ်။ ဘာကြောင့်ဆုတ်ခွာသွားလဲ ကျနော်တို့ မသိရဘူး။ လေယာဉ် လာပစ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့က အဲဒီလိုမျိုး ဆုတ်ခွာသွားတာ”ဟု PNLO တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်အချို့ ထိခိုက်သေဆုံးမှုရှိပြီး အသေးစိတ် အခြေအနေမသိရသေးကြောင်း ၎င်းက ဆိုသည်။

“စစ်ဘေးရှောင်ထဲမှာတော့ နှစ်ယောက်လားမသိဘူး။ အထိအခိုက်တော့ရှိတယ်။ နောင်ထော် ကယန်းပိုင်းရပ်ကွက်မှာ နေအိမ်ကို ထိသွားတယ်လို့ ပြောတယ်”ဟု PNLO သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသ၌ PNLO တပ်ဖွဲ့များလည်းရှိရာ စွန့်ခွာသွားသည့် တပ်စခန်းများကို အဆိုပါ PNLO တပ်များက ဝင်ရောက်နေရာယူခြင်းရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။

(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Voice Of Pa-O)
(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Voice Of Pa-O)

ယမန်နေ့ညက ဗုံးကြဲတိုက်ခိုက်မှု နှင့် စစ်ကောင်စီတပ်စခန်းများ ရုတ်သိမ်းထွက်ခွာမှုဖြစ်စဉ်ကြောင့် နောင်ထောင်ဒေသခံများ စစ်ရှောင်နေကြရဟု ဒေသတွင်း သတင်းရင်းမြစ်က အသိပေးထားသည်။

ယခု နောင်ထော်ရွာ ဖြစ်စဉ်မဖြစ်မီ ဇန်နဝါရီ ၂၀ရက်က ဟိုပုံးမြို့နယ် စံဖူးရွာ၌ PNLO လက်အောက်ခံ PNLA တပ်က လက်နက်များသယ်လာစဉ် စစ်ကောင်စီနှင့် PNO တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့၍ PNLA ယာဉ်တန်း မီးလောင်ပျက်စီးပြီး လက်နက်များလည်း ထိခိုက်မှုရှိခဲ့သည်။

အဆိုပါ လက်နက်များသည် ကရင်နီဒေသတော်လှန်ရေးတပ်ဖွဲ့များအတွက် PNLAက သယ်ဆောင်ပေးခြင်းဖြစ်ကြောင်း ပြောဆိုမှုများ ရှိသော်လည်း PNLO ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်က ဖြစ်စဉ်အသေးစိတ်မသိသေးဟု ပြောသည်။

ယင်းဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်း နောင်ထော်ရှိ စစ်ကောင်စီတပ်စခန်းများ စွန့်ခွာခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။