Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင် နောင်ထော်ဒေသရှိ စစ်ကောင်စီနှင့် PNOတပ် စခန်းနှင့် ဂိတ်စခန်း ၄ခု တိုက်ပွဲမဖြစ်ဘဲစွန့်ခွာသွား

နောင်ထော်ဒေသကို စစ်ကောင်စီက ယမန်နေ့ညတွင် တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဦးစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်း၌ပင် ဒေသတွင်းစစ် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ PNO တို့ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဆိုသည်။

(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Voice Of Pa-O)
(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Voice Of Pa-O)

▪️စခန်းမစွန့်ခွာမီ လေယာဉ်ဖြင့် ဗုံးကြဲ၍ စစ်ရှောင်အချို့ ထိခိုက်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(PNO) တပ်စခန်းများ ယမန်နေ့ ဇန်နဝါရီ ၂၂ရက်ညပိုင်း၌ စခန်းစွန့် ဆုတ်ခွာသွားကြောင်း ပအိုဝ်းတော်လှန်ရေးတပ်(PNLO)တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောင်ထော်ဒေသကို စစ်ကောင်စီက ယမန်နေ့ညတွင် တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဦးစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်း၌ပင် ဒေသတွင်းစစ် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ PNO တို့ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဆိုသည်။

(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Voice Of Pa-O)
(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Voice Of Pa-O)

“တိုက်ပွဲမဖြစ်ရဘူး။ သူတို့ဘာသာ သူတို့ မနေ့ညက လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ ကျနော်တို့ ဘာမှ မလုပ်ရဘဲနဲ့ သူတို့ဘာသာ သူတို့ မနေ့ညက ညနက် သန်းခေါင်အချိန်မှာ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ ဒီမနက်ကျတော့ လူမတွေ့တော့ဘူး။ စခန်းက အဲဒီ နောင်ထော်ရွာ အနီးတဝိုက်မှာရှိတဲ့ စခန်း ၂ခုက သူတို့ ဆုတ်ခွာသွားတယ်။ နောက်ပြီး သူတို့ စစ်ဆေးရေးဂိတ်(စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် PNOစစ်ဆေးရေးဂိတ်)လည်း သူတို့ ဆုတ်ခွာသွားတယ်။ ဘာကြောင့်ဆုတ်ခွာသွားလဲ ကျနော်တို့ မသိရဘူး။ လေယာဉ် လာပစ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့က အဲဒီလိုမျိုး ဆုတ်ခွာသွားတာ”ဟု PNLO တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်အချို့ ထိခိုက်သေဆုံးမှုရှိပြီး အသေးစိတ် အခြေအနေမသိရသေးကြောင်း ၎င်းက ဆိုသည်။

“စစ်ဘေးရှောင်ထဲမှာတော့ နှစ်ယောက်လားမသိဘူး။ အထိအခိုက်တော့ရှိတယ်။ နောင်ထော် ကယန်းပိုင်းရပ်ကွက်မှာ နေအိမ်ကို ထိသွားတယ်လို့ ပြောတယ်”ဟု PNLO သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသ၌ PNLO တပ်ဖွဲ့များလည်းရှိရာ စွန့်ခွာသွားသည့် တပ်စခန်းများကို အဆိုပါ PNLO တပ်များက ဝင်ရောက်နေရာယူခြင်းရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။

(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Voice Of Pa-O)
(နောင်ထော်ဒေသရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Voice Of Pa-O)

ယမန်နေ့ညက ဗုံးကြဲတိုက်ခိုက်မှု နှင့် စစ်ကောင်စီတပ်စခန်းများ ရုတ်သိမ်းထွက်ခွာမှုဖြစ်စဉ်ကြောင့် နောင်ထောင်ဒေသခံများ စစ်ရှောင်နေကြရဟု ဒေသတွင်း သတင်းရင်းမြစ်က အသိပေးထားသည်။

ယခု နောင်ထော်ရွာ ဖြစ်စဉ်မဖြစ်မီ ဇန်နဝါရီ ၂၀ရက်က ဟိုပုံးမြို့နယ် စံဖူးရွာ၌ PNLO လက်အောက်ခံ PNLA တပ်က လက်နက်များသယ်လာစဉ် စစ်ကောင်စီနှင့် PNO တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့၍ PNLA ယာဉ်တန်း မီးလောင်ပျက်စီးပြီး လက်နက်များလည်း ထိခိုက်မှုရှိခဲ့သည်။

အဆိုပါ လက်နက်များသည် ကရင်နီဒေသတော်လှန်ရေးတပ်ဖွဲ့များအတွက် PNLAက သယ်ဆောင်ပေးခြင်းဖြစ်ကြောင်း ပြောဆိုမှုများ ရှိသော်လည်း PNLO ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်က ဖြစ်စဉ်အသေးစိတ်မသိသေးဟု ပြောသည်။

ယင်းဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်း နောင်ထော်ရှိ စစ်ကောင်စီတပ်စခန်းများ စွန့်ခွာခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။