Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်တွေအပေါ် ပြစ်မှတ်ထားအရေးယူဒဏ်ခတ်ဖို့ နိုင်ငံတကာကို ဒေါက်တာဆာဆာတောင်းဆို

အပြည်ပြည်ဆိုင်ရာရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စစ်ပွဲဟာ ရက်သတ္တပတ်အတွင်းပြီးဆုံးနိုင်ပြီး ထောင်ပေါင်းများစွာသောအသက်တွေကိုလည်း ကယ်တင်နိုင်လိမ့်မယ်လို့ ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရှိ စစ်အာဏာရှင်စနစ်အပေါ် နိုင်ငံတကာက ပြစ်မှတ်ထားအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက တောင်းဆိုပါတယ်။

ဗင်နီဇွဲလားမှာ ကျင်းပတဲ့ ‘The Global Unity of Pro-Democracy Movement’ ရဲ့ Democracy Defender ကွန်ဖရင့်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းမှု အောင်မြင်ရန်မှာ မြေကြီးလက်ခတ်မလွဲဧကန်ပင်ဖြစ်တယ်လို့ ထည့်သွင်းပြောကြားပါတယ်။

ဒါပေမဲ့ အပြစ်မဲ့အရပ်သားများသေဆုံးမှု အနည်းဆုံးဖြစ်စေဖို့အတွက် အမြန်ဆုံးအနိုင်ရရှိဖို့လို အပ်ပြီး အဲဒီအတွက် ကမ္ဘာနိုင်ငံတွေက စစ်အာဏာရှင်စနစ် ဆက်လက်မရှင်သန်နိုင်အောင် ပူး ပေါင်းလုပ်ဆောင်ကြဖို့ ဒေါက်တာဆာဆာက တိုက်တွန်းခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စစ်ပွဲဟာ ရက်သတ္တပတ်အတွင်းပြီးဆုံးနိုင်ပြီး ထောင်ပေါင်းများစွာသောအသက်တွေကိုလည်း ကယ်တင်နိုင်လိမ့်မယ်လို့ ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်၊ ဖက်ဆစ် သို့မဟုတ် အခြားမည်သည့်အာဏာရှင်များတွင်မဆို တွေ့ရတတ်တဲ့ တူညီသောအရာတစ်ခုမှာ သူတို့လူမျိုးနဲ့ တိုင်းပြည်ကို လုံးဝဂရုမစိုက်ခြင်းဖြစ်ပြီး စစ်အာဏာရှင်တွေဟာ မည်သည့်စစ်ပွဲ၊ ကပ်ဘေး၊ စီးပွားရေးအကျပ်အတည်း၊ သဘာဝဘေးအန္တရာယ်များ ထက်မဆို ဖျက်ဆီးနိုင်စွမ်းပိုရှိကြတယ်လို့ ပြည်ထောင်စုဝန်ကြီးက ထောက်ပြပါတယ်။

မြန်မာစစ်အာဏာရှင်တွေကျူးလွန်တဲ့ ရာဇဝတ်မှုစာရင်းအပြည့်အစုံဟာ အလွန်ရှည်လျားပြီး ရှက်ဖွက်ကောင်းကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး၊ မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက ရာဇဝတ်ခုံရုံးတွေမှာ တစ်နေ့နေ့မှာ ဖတ်ကြားနိုင်လိမ့်မယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အထိနာသူများအားလုံးအတွက် တရားမျှတမှု ယူဆောင်လာနိုင်ဖို့ အတတ်နိုင်ဆုံး နည်းလမ်းရှိသမျှအသုံးပြုပြီး ကြိုးစားသွားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။