Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့နယ် ပဲရွန်းတောင် စစ်ကောင်စီစခန်းကို AA ထပ်မံသိမ်းပိုက်

လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုချိန်ထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟုလည်း သတိပေးသည်။

(ရက္ခိုင်တပ်​တော်က ပဲရွန်း​တောင်စခန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)
(ရက္ခိုင်တပ်​တော်က ပဲရွန်း​တောင်စခန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)

▪︎ပြည်နယ်ရုံးစိုက်ရာ စစ်တွေ၊ စစ်တိုင်းဌာနချုပ်ရှိရာ အမ်းနှင့် ရေတပ်စခန်းရှိသည့်ကျောက်ဖြူ အပါအဝင် မြို့နယ် ၆ခု၌ စစ်ကောင်စီ ခွာစစ်၊ခုခံစစ်ဆင်နေဟု AA ထုတ်ပြန်

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းကို ယမန်နေ့ ညနေပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ကအသိပေးထုတ်ပြန်သည်။

ရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ စခန်းကို ဖေဖော်ဝါရီ လ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၉) နာရီအကြာ ထိုးစစ်အပြီး ညနေ ၄နာရီခွဲတွင် စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စခန်းကို ညနေပိုင်း၌ လက်လွှတ်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

(ရက္ခိုင်တပ်​တော်က ပဲရွန်း​တောင်စခန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)
(ရက္ခိုင်တပ်​တော်က ပဲရွန်း​တောင်စခန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ ရန်သူ့အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိဟု အသိပေးသည်။

AA အနေဖြင့်ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့သည့်မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းမှ ရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆာင်ပစ္စည်းများနှင့် ဖေဖော်ဝါရီ ၁၆ရက်တွင် သိမ်းနိုင်ခဲ့သည့် မောင်တောဒေသ၊ ဗောဓိကုန်းစခန်းမှ ရရှိသည့်လက်နက်ခဲယမ်းများ၊ နော်ရူလာနှင့်ပန်းတောပြင်ကြားတိုက်ပွဲတွင် ရရှိခဲ့သည့်လက်နက်ခဲယမ်းများ ၊ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

စစ်တွေသည် ရက္ခိုင်ပြည်နယ်၏မြို့တော်ဖြစ်ပြီး အမ်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်ရာမြို့နယ်ဖြစ်သည်။ ထို့ပြင်ကျောက်ဖြူတွင် စစ်ကောင်စီ၏ဓည၀တီရေတပ်စခန်း ဌာနချုပ်တည်ရှိသည်။

AA အနေဖြင့်ရက္ခိုင်ဒေသ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ရက်ကစတင်ခဲ့ရာ သုံးလကျော်အတွင်းချင်းပြည်နယ်ပလက်၀မြို့နယ်၊ရက္ခိုင်ပြည်နယ်ပေါက်တော၊ကျောက်တော်၊ မင်းပြား၊မြောက်ဦး၊မြေပုံ မြို့များကို သိမ်းပိုက်ထားပြီးရသေ့တောင်၊မောင်တော် မြို့နယ်များတွင်လည်း ထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲများပြင်းထန်နေသည်။

စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာပြုလုပ်လျက်ရှိ၍ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။ ထို့အတူ အိမ်မွေးတိရ စ္ဆာန်များနှင့် ကျွဲ၊ နွား တို့မှာ သေဆုံးမှုများ ရှိခဲ့သည်ဟု အသိပေးသည်။

လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုချိန်ထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟုလည်း သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။