Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီစစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦး​သေပြီး မိုင်းထိ​သောမာစီးဒီးကားကိုထားခဲ့

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

(ယာဥ်တန်းမိုင်းထိပြီး ပျက်စီ၍ ထားခဲ့​သော မာစီးဒီးကား။ဓါတ်ပုံ-CJ)
(ယာဥ်တန်းမိုင်းထိပြီး ပျက်စီ၍ ထားခဲ့​သော မာစီးဒီးကား။ဓါတ်ပုံ-CJ)

▪︎အဆိုပါယာဥ်တန်းတွင် စစ်​ကောင်စီပြန်ကြား​ရေးတာဝန်ခံဗိုလ်ချုပ်​ဇော်မင်းထွန်းပါရှိ​ကြောင်းသတင်းထွက်​ပေါ်​နေ​သော်လည်း အတည်မပြုနိုင်​သေး

စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာသည့် စစ်‌ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား ​တော်လှန်​ရေးအဖွဲ့များကဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

“တိုင်းရင်းသားဒီကရီကောလိပ်ကအပြန် မိုင်းဆွဲတိုက်ခိုက်တာမှန်တယ်။ ဗိုလ်တစ်ယောက်သေတယ်။ ကားပျက်စီးတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သို့ပြောသည်။

အဆိုပါယာဉ်တန်း၌ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန်ချီ​ပြောကြား​ပေး​နေသူ စစ်​ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်​ပေါ်​နေ​သော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

သို့​သော်အဆိုပါယာဉ်တန်းတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပါအတည်ပြုနိုင်သေးသေးသော်လည်း စစ်ကောင်စီ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးတို့ ပါဝင်သည်ဟု စုံစမ်းသိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

စစ်ကိုင်းမြို့ခံတစ်ဦးက ” ဇော်မင်းထွန်းပါမပါ မသိဘူး။ ဒါပေမယ့်မိုင်းဆွဲတိုက်ခိုက်တာ ဟုတ်တယ်။စခဗိုလ် နှစ်ယောက်သေတာမဟုတ်ဘူး။တစ်ယောက်သေတာ”ဟု ​ပြောသည်။

မိုင်းဆွဲခံရပြီး ပျက်စီးသွားသော ကားကို ထားခဲ့ပြီးစစ်ကိုင်းမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ဟု သတင်းရရှိသည်။ ပျက်စီးသွား​သောကားမှာ နာမည်ကြီးအမျိုးအစားဖြစ်​သော မာစီးဒီး ကားဖြစ်​ပြီး ကားမှာမိုင်းထိထား၍ ပျက်စီးနေသည်ကို​တွေ့ရသည်။

စစ်​ကောင်စီယာဥ်တန်းကိုမည့်သည့်​တော်လှန်​ရေးအဖွဲ့ကတိုက်ခိုက်သည်ကို မသိရ​သေး​ပေ ။ အဆိုပါယာဥ်တန်းတိုက်ခိုက်ခံရပြီး​နောက် မန္တ​လေး-မုံရွာကားလမ်းရှိအဆိုပါလမ်းပိုင်း ပိတ်၍ ကားများလှည့်ပြန်​နေရ​ကြောင်း ကားသမားများက​ပြောသည်။

ထိုအပြင် မုံရွာ – မန္တလေးလမ်းပိုင်းအား ​ဖေ​ဖော်ဝါရီ ၂၃ ရက်နံနက် ၁၁ နာရီ ခန့်မှစ၍ အရေးပေါ်ပိတ်​ကြောင်း ​ဒေသ ​ခံတော်လှန်​ရေးအဖွဲ့များ၏ သတိ​ပေးချက်များထုတ်ပြန်​ပေး​နေ​သော Monywa Road Information -MRI က ထုတ်ပြန်လာသည်။

မုံရွာ-မန္တလေးလမ်းပိုင်းကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်​ကြောင်း၊ ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ​​ဖေ​ဖော်ဝါရီ ၂၃ ရက် ၁၀ နာရီ ၅၆ မိနစ်တွင်ထုတ်ပြန်အသိ​ပေးထားသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု​​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook