Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘော်လ်ကန် အနောက်ပိုင်း ဒေသရဲ့ ပထမဆုံး NATO အခြေစိုက်စခန်းကို အယ်လ်ဘေးနီးယားမှာ ဖွင့်လှစ်

ကူဆိုဗာမှာရှိတဲ့ အဲဒီစခန်းဟာ အခုဆိုရင် ဘော်လ်ကန် အနောက်ပိုင်း ဒေသတစ်ခုလုံးမှာ NATOရဲ့ ပထမဆုံး စစ်အခြေစိုက် စခန်းလည်း ဖြစ်လာပါတယ်။

ဘော်လ်ကန် အနောက်ပိုင်း ဒေသရဲ့ ပထမဆုံး NATO အခြေစိုက်စခန်းကို အယ်လ်ဘေးနီးယားမှာ ဖွင့်လှစ်
ဘော်လ်ကန် အနောက်ပိုင်း ဒေသရဲ့ ပထမဆုံး NATO အခြေစိုက်စခန်းကို အယ်လ်ဘေးနီးယားမှာ ဖွင့်လှစ်

အယ်လ်ဘေးနီးယားဟာ ဆိုဗီယက်ခေတ် လေတပ်စခန်းဟောင်း တစ်ခုကို မွမ်းမံပြင်ဆင်ပြီး NATO စစ်မဟာမိတ် အခြေစိုက် စခန်းတစ်ခုအဖြစ် ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

အယ်လ်ဘေးနီးယား အနောက်ပိုင်းမှာ တည်ရှိပြီး မြို့တော် တီရာနာနဲ့ ၈၅ ကီလိုမီတာ ကွာဝေးရာ ကူဆိုဗာဆိုတဲ့ မြို့လေးမှာ အဲဒီ စစ်စခန်းကို ဖွင့်လှစ်လိုက်တာပါ။ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင်က လေတပ်စခန်း နေရာဟောင်းကို အယ်လ်ဘေးနီးယား အစိုးရက အကြီးစား မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှ ပြန်လည် အသုံးပြုဖို့ စီစဉ်ခဲ့တာပါ။

ကူဆိုဗာမှာရှိတဲ့ အဲဒီစခန်းဟာ အခုဆိုရင် ဘော်လ်ကန် အနောက်ပိုင်း ဒေသတစ်ခုလုံးမှာ NATOရဲ့ ပထမဆုံး စစ်အခြေစိုက် စခန်းလည်း ဖြစ်လာပါတယ်။

အယ်လ်ဘေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ လေတပ်စခန်းဟာ ခေတ်သစ် စစ်ဆင်ရေး အစီအမံ အတော်များများကို ထိန်းချုပ် ကိုင်တွယ်နိုင်မှာ ဖြစ်သလို တိုက်လေယာဉ် အမျိုးအစား အများအပြား အခြေစိုက်နိုင်မယ့်အပြင် လေ့ကျင့်ရေး ကဏ္ဍအတွက်ပါ အသုံးတည့်လိမ့်မယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် အက်ဒီရာမာက ၂၀၀၅ ခုနှစ်မှာ ပိတ်သိမ်းခဲ့တဲ့ လေတပ်စခန်း ပြန်လည် အသက်ဝင်လာတာကို ဝမ်းသာကြောင်း ပြောပါတယ်။ အဲဒီ လေတပ်စခန်းဟာ ဘော်လ်ကန် အနောက်ပိုင်းဒေသ လုံခြုံရေးအတွက် အထူးအရေးပါလာမှာ ဖြစ်သလို ရုရှားရဲ့ အလိုကြီးတဲ့ ရည်မှန်းချက်တွေကို ဟန့်တားရာမှာလည်း အထောက်အပံ့ ဖြစ်စေမယ်လို့ ဝန်ကြီးချုပ်က မှတ်ချက် ပေးခဲ့ပါတယ်။

လေတပ်စခန်း ဖွင့်လှစ်မှု အခမ်းအနား အပြီးမှာ အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်နှစ်စီးနဲ့ F-35 တိုက်လေယာဉ် နှစ်စီးဟာ အီတလီနိုင်ငံ၊ အေဗီယာနို လေဆိပ်ကနေ ပျံသန်းလာပြီး ကူဆိုဗာမှာ ဆင်းသက်ခဲ့ပါတယ်။ နောက်ပြီး Eurofighter နှစ်စီးလည်း ဆင်းသက်ခဲ့တာကို တွေ့ရပါတယ်။

NATOဟာ အဲဒီ လေတပ်စခန်းဟောင်းကို အဆင့်မြှင့်တင် မွမ်းမံဖို့အတွက် ယူရို သန်း ၅၀ ထောက်ပံ့ခဲ့ပြီး လေယာဉ်ရုံတွေ၊ လေကြောင်း ထိန်းချုပ်ရေး မျှော်စင်တွေ၊ လေယာဉ်ပြေးလမ်းတွေနဲ့ ကုန်လှောင်ရုံတွေကို အကြီးစား ပြင်ဆင်မွမ်းမံ တည်ဆောက်စေခဲ့ပါတယ်။

အယ်လ်ဘေးနီးယား အစိုးရဟာ နိုင်ငံအနောက်ပိုင်းမှာ NATOရဲ့ ရေတပ်စခန်းတစ်ခု ဖွင့်လှစ်ခွင့် ပြုရေးအတွက်လည်း ဆက်လက် ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ အယ်လ်ဘေးနီးယားဟာ ၂၀၀၉ ခုနှစ်မှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ဥရောပ သမဂ္ဂ ဝင်ခွင့်အတွက်လည်း လျှောက်ထား ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကိုးကာ: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း

ခရီးသည်တင် လေယာဉ်တစ်စီးကို NATO စစ်မဟာမိတ် အဖွဲ့ရဲ့ တိုက်လေယာဉ်တွေက ကြားဖြတ် စောင့်ကြည့်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဟောင်ကောင် အရပ်ဖက် လေကြောင်း ကွပ်ကဲရေးဌာန (CAD)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ်ဖို့ ခွင့်ပြုပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စိတ်အပြောင်းအလဲ မြန်ဆန်မှုတွေက အဖွဲ့ဝင် နိုင်ငံတွေအတွက် မျက်စိလည်စရာ ဖြစ်ခဲ့ပါတယ်။