Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆွီဒင်ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ တူရကီ အစိုးရ ကန့်ကွက်တော့မှာ မဟုတ်ဘူးလို့ NATO အကြီးအကဲပြော

NATO အကြီးအကဲ စတိုလ်တန်ဘက်ဂ် ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်ခွင့် လမ်းပွင့်သွားခြင်းကို သမိုင်းဝင် ခြေလှမ်းတစ်ခုအဖြစ် ညွှန်းဆိုခဲ့ပေမယ့် ဒီကိစ္စ တရားဝင် ဖြစ်လာစေဖို့အတွက် တူရကီ လွှတ်တော်မှာ အဆုံးအဖြတ် ခံယူရမယ့် အဆင့်မျိုးတွေ ကျန်နေဆဲလို့ ဆိုပါတယ်။

ဆွီဒင်ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ တူရကီ အစိုးရ ကန့်ကွက်တော့မှာ မဟုတ်ဘူးလို့ NATO အကြီးအကဲပြော
ဆွီဒင်ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ တူရကီ အစိုးရ ကန့်ကွက်တော့မှာ မဟုတ်ဘူးလို့ NATO အကြီးအကဲပြော

အရေးကြီးတဲ့ သဘောထား အပြောင်းအလဲအဖြစ် တူရကီ အစိုးရဟာ ဆွီဒင်ရဲ့ NATO အဖွဲ့ဝင် ဖြစ်ခွင့် တောင်းဆိုမှုကို ကန့်ကွက်တော့မှာ မဟုတ်ကြောင်း NATOရဲ့ အကြီးအကဲက ပြောကြားသွားပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အကြီးအကဲ ဂျန် စတိုလ်တန်ဘက်ဂ်က အခုအခါမှာ တူရကီ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်ဟာ ဆွီဒင်ရဲ့ အဖွဲ့ဝင် လျှောက်ထားမှုကို ရှေ့ဆက် မကန့်ကွက်ဖို့ သဘောတူလိုက်ပြီလို့ ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲဟာ ဖင်လန်နဲ့ ဆွီဒင်တို့ ကာလရှည်ကြာ လက်ကိုင်ထားခဲ့တဲ့ ဘက်မလိုက် ဝါဒကို စွန့်လွှတ်ဖို့ အကြောင်းဖန်လာစေပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံဟာ NATO အဖွဲ့ဝင် ဖြစ်လာဖို့ကို အတူတကွ လျှောက်ထားခဲ့ကြပေမယ့် ဖင်လန်က တရားဝင် အဖွဲ့ဝင် ဖြစ်နှင့်နေပါပြီ။

ဆွီဒင်ကတော့ NATO အဖွဲ့ဝင် တူရကီဆီက အပြင်းအထန် ကန့်ကွက်မှုတွေကြောင့် NATO မဟာမိတ်တွေနဲ့ ပေါင်းစည်းနိုင်ဖို့ အခက်ကြုံနေခဲ့တာပါ။ အာဒိုဝမ်ရဲ့ သဘောထား အပြောင်းအလဲနဲ့ ပတ်သက်လို့ ဆွီဒင် ဝန်ကြီးချုပ် အဲလ်ဖ် ခရစ္စတန်ဆန်ကလည်း ကျေနပ်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ဆွီဒင်အတွက် ထူးခြားတဲ့ နေ့တစ်နေ့လို့ ညွှန်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တူရကီဟာ အစောပိုင်းတုန်းက ဆွီဒင်ရဲ့ NATO ဝင်ခွင့် လျှောက်ထားမှုကို အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး အကြောင်းပြချက်ကတော့ တူရကီရဲ့ ရန်သူတော် ကာ့ဒ်မျိုးနွယ်စု စစ်သွေးကြွတွေကို ဆွီဒင်က လက်ခံထားတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဆွီဒင်မှာ အစ္စလာမ် ဘာသာရေးရဲ့ ကိုရန်ကျမ်းစာကို မီးရှို့ပြီး ဆန္ဒပြခဲ့တဲ့ လက်ယာစွန်းတွေရဲ့ လုပ်ရပ်ကလည်း ဆွီဒင်နဲ့ တူရကီတို့ ညှိနှိုင်းဖို့ကို ပိုမို ခက်ခဲစေခဲ့ပါတယ်။

NATO အဖွဲ့ဝင် ၃၁ နိုင်ငံထဲမှာ ပါဝင်နေတာကြောင့် တူရကီဟာ အဖွဲ့ဝင်သစ် ဖြစ်ခွင့်အတွက် လျှောက်ထားတဲ့ ဘယ်နိုင်ငံကိုမဆို ဗီတိုအာဏာသုံးပြီး ပယ်ချခွင့် ရှိပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အာဒိုဝမ်ရဲ့ ပြောင်းလဲသွားတဲ့ သဘောထားကို ကြိုဆိုခဲ့ပြီး အခုအခါ ဆွီဒင်ကို NATO မိသားစုထဲမှာ တရားဝင် ပေါင်းစည်းနိုင်ဖို့ ပိုပြီး မြန်မြန်ဆန်ဆန် အထမြောက်လာနိုင်လိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး အန်နာလန် ဘေရာဘော့ခ်ကလည်း ၃၂ နိုင်ငံ ဖြစ်လာတဲ့အခါ အဖွဲ့ဝင် အားလုံးက ပိုမို လုံခြုံလာလိမ့်မယ်လို့ Twitterမှာ ရေးသားခဲ့ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ကလည်း NATOမှာ ဆွီဒင် ပေါင်းစည်းလာခြင်းက အားလုံးရဲ့ လုံခြုံရေးအတွက် ပိုမို အားကောင်းလာစေလိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

NATO အကြီးအကဲ စတိုလ်တန်ဘက်ဂ် ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်ခွင့် လမ်းပွင့်သွားခြင်းကို သမိုင်းဝင် ခြေလှမ်းတစ်ခုအဖြစ် ညွှန်းဆိုခဲ့ပေမယ့် ဒီကိစ္စ တရားဝင် ဖြစ်လာစေဖို့အတွက် တူရကီ လွှတ်တော်မှာ အဆုံးအဖြတ် ခံယူရမယ့် အဆင့်မျိုးတွေ ကျန်နေဆဲလို့ ဆိုပါတယ်။

NATO အဖွဲ့ဝင် ဖြစ်ဖို့ လျှောက်ထားတဲ့ ယူကရိန်းရဲ့ ဆန္ဒကတော့ လောလောဆယ် ပြည့်ဝလာဦးမှာ မဟုတ်ပါဘူး။ အမေရိကန် သမ္မတ ဘိုင်ဒန်က NATO အဖွဲ့ဝင် နိုင်ငံအားလုံးဟာ ယူကရိန်းနဲ့ ရုရှားတို့ကြားက စစ်ပွဲ အဆုံးမသတ်သေးခင်မှာ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့က လက်တွေ့ မကျဘူးလို့ တညီတညွတ်တည်း ယူဆထားကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

ကူဆိုဗာမှာရှိတဲ့ အဲဒီစခန်းဟာ အခုဆိုရင် ဘော်လ်ကန် အနောက်ပိုင်း ဒေသတစ်ခုလုံးမှာ NATOရဲ့ ပထမဆုံး စစ်အခြေစိုက် စခန်းလည်း ဖြစ်လာပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။