Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အချက်လေးခုကို ထိုင်းအောက်လွှတ်တော်မှာ တင်သွင်း

နော့ပါဒွန်က အောက်လွှတ်တော်မှာ တင်သွင်းတဲ့ အချက် ၄ ခုပါ အစီအမံဟာ အစိုးရ အနေနဲ့ မြန်မာ့ အရေးကို ထိထိရောက်ရောက် ကူညီဖြေရှင်းရာမှာ အထောက်အပံ့ကောင်းတွေ ဖြစ်စေဖို့ ရည်ရွယ်ထားတာလို့လည်း ပြောပါတယ်။

(၂၀၂၂ ဇူလိုင် ၂၆ရက်က ထိုင်းရောက်မြန်မာလုပ်သားများ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ စစ်အာဏာရှင် ဆန့်ကျင်​ရေးဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ - PS)
(၂၀၂၂ ဇူလိုင် ၂၆ရက်က ထိုင်းရောက်မြန်မာလုပ်သားများ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ စစ်အာဏာရှင် ဆန့်ကျင်​ရေးဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ - PS)

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေကိုကူညီဖြေရှင်းပေးနိုင်ဖို့အတွက် အချက်လေးခုပါတဲ့ အဆိုပြု အစီအမံ တရပ်ကို ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အောက်လွှတ်တော်ရဲ့ နိုင်ငံတကာ ရေးရာ ကော်မတီ အကြီးအကဲဖြစ်သူ အာဏာရ ဖျူထိုင်းပါတီ (PTP) အမတ် နော့ပါဒွန် ပတ္တာမန်က ထိုင်းလွှတ်တော်ဟာ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေပြီး ပဋိပက္ခတွေ ရပ်စဲရေးအတွက် အားထုတ်မှု မှန်သမျှကို ထောက်ခံသွားမယ်လို့ ပြောပါတယ်။

နော့ပါဒွန်က အောက်လွှတ်တော်မှာ တင်သွင်းတဲ့ အချက် ၄ ခုပါ အစီအမံဟာ အစိုးရ အနေနဲ့ မြန်မာ့ အရေးကို ထိထိရောက်ရောက် ကူညီဖြေရှင်းရာမှာ အထောက်အပံ့ကောင်းတွေ ဖြစ်စေဖို့ ရည်ရွယ်ထားတာလို့လည်း ပြောပါတယ်။

အဲဒီ အချက်တွေထဲမှာ ပထမဆုံးကတော့ အစိုးရဟာ လုံခြုံရေးနဲ့ နိုင်ငံတကာရေးရာ အရာရှိတွေ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့ တခုကို ထူထောင်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေကို စောင့်ကြည့်ဖို့၊ စုပေါင်း တုံ့ပြန်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယ အချက်ကတော့ အချိန်မရွေး အရှိန်မြင့်တက်လာနိုင်တဲ့ ပဋိပက္ခတွေကြောင့် နယ်စပ်ဒေသတွေမှာ စစ်ရှောင် ဒုက္ခသည်တွေ များပြားလာမှာကို ကြိုတင်တွေးတောပြီး အရေးပေါ် အစီအမံတေါ ပြင်ဆင်ထားဖို့ပါ။ အထူးသဖြင့် စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကို အတင်းအကျပ် အသက်သွင်းလိုက်တဲ့နောက် ဧပြီလ နှောင်းပိုင်းမှာ တိုက်ပွဲတွေ ပိုပြီး အရှိန်တက်လာနိုင်တယ်လို့ သူက ခန့်မှန်းခဲ့ပါတယ်။

တတိယ အချက်ကတော့ နယ်စပ်မှာ ရွာသုံးခုခွဲပြီး မြန်မာစစ်ရှောင် ၁၀၀၀၀ လောက်ကို အရေအတွက် အကန့်အသတ်နဲ့ ခိုလှုံထားတာမျိုးအစား ပိုမို ကျယ်ပြန့်တဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေကို စစ်ဘေးသင့် ပြည်သူတွေဆီ ပို့ဆောင်နိုင်ဖို့၊ အဲဒီ ရည်မှန်းချက်အတွက် အာဆီယံနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ Myanmar Troika Plusလို့ နာမည်ပေးပြီး ထိုင်း၊ အာဆီယံ ဥက္ကဋ္ဌ တရုတ်၊ အိန္ဒိယတို့ ပူးပေါင်းပါဝင်တဲ့ နိုင်ငံတကာ အစုအဖွဲ့ တစ်ခုကနေတဆင့် မြန်မာ့ ငြိမ်းချမ်းရေး ကဏ္ဍအတွက် အရှည်တည်တံ့အောင် တွန်းအားပေး ကူညီနေစေရေး ဖြစ်ပါတယ်။

နော့ပါဒွန်က အဲဒီ အဆိုပြုချက်တွေဟာ မြန်မာ့အရေး ကူညီ ဖြေရှင်းပေးဖို့ အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့လည်း ကိုက်ညီမှု ရှိတယ်လို့ ပြောပါတယ်။

ထိုင်းမှာ လက်ရှိ အစိုးရ တာဝန်ယူချိန်ကစလို့ မြန်မာ့အရေး ကူညီဖြေရှင်းမှုမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ဦးစားပေး ချဉ်းကပ်တဲ့ ဗျူဟာမျိုး ပြောင်းလဲလာခဲ့ပါတယ်။ အစောပိုင်းတုန်းက ထိုင်းအစိုးရဟာ မြန်မာဖက်က ပဋိပက္ခတွေကို တိမ်းရှောင်လာသူတွေအတွက် လူသားချင်းစာနာမှု စင်္ကြံတခု သတ်မှတ်ရေးကိုလည်း သဘောတူထားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။