Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပါအဝင် နိုင်ငံခြားသားတွေက ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာတွေကို တင်းကျပ် ကိုင်တွယ်မယ်လို့ ထိုင်းအာဏာပိုင်တွေပြော

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

(ထိုင်းနိုင်ငံရှိ​ဆောက်လုပ်​ရေးလုပ်ငန်းခွင်တစ်ခုမှ ပြည်ပအလုပ်သမားများ။ဓါတ်ပုံ- The Thaiger)
(ထိုင်းနိုင်ငံရှိ​ဆောက်လုပ်​ရေးလုပ်ငန်းခွင်တစ်ခုမှ ပြည်ပအလုပ်သမားများ။ဓါတ်ပုံ- The Thaiger)

▪︎လုပ်ငန်းခွင်နှစ်​သောင်းခွဲကို​ရှောင်တခင်စစ်​ဆေးရာ မြန်မာလုပ်သား ၂၃၀,၀၀၀ ​ကျောိဖြင့်အများဆုံးဖြစ်​နေ

▪︎နိုင်ငံခြားသားကိုခွင့်မပြု​သောလုပ်ငန်းတွင်လုပ်ကိုင်​နေသူ ၇၂၁ ဦးကိုအ​ရေးယူရာ ၊မြန်မာ ၃၁၆ ဦးပါဝင်

မြန်မာတွေ အပါအဝင် နိုင်ငံခြားသားတွေက ကန့်သတ် လုပ်ငန်းခွင်တွေမှာ ပါဝင် အလုပ်လုပ်နေတဲ့အပေါ် အလေးထား တုံ့ပြန် ကိုင်တွယ်သွားမယ်လို့ ထိုင်းအလုပ်အကိုင်ရေးရာ ဌာနက ကြေညာခဲ့ပါတယ်။

ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးဖြစ်တဲ့ ခါရွမ် ဖွန်ပွန်ကလန်က တရုတ်၊ အိန္ဒိယနဲ့ မြန်မာအပါအဝင်အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေက ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေကြောင့် ထိုင်းနိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးနေတယ်ဆိုတဲ့ အရေးဆို တိုင်ကြားမှုတွေကို အကြောင်းပြုပြီး လုပ်ငန်းခွင်တွေကို ရှောင်တခင် စစ်ဆေးမှုတွေ ဆက်တိုက် ပြုလုပ်နေကြောင်း ပြောပါတယ်။

အဲဒီလို ဖြစ်စဉ်တွေဟာ ထိုင်းရဲ့ အဓိက စီးပွားရေးနဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ရပ်ဝန်းတွေမှာ အဓိက ကြုံရလေ့ ရှိတယ်လို့လည်း ခါရွမ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့ထိ အတောအတွင်း ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံအနှံ့က လုပ်ငန်းခွင်နေရာပေါင်း ၂၅၆၂၈ ခုကို ရှောင်တခင် စစ်ဆေးခဲ့ပြီး အလုပ်သမားရေးရာ ဥပဒေတွေကို ချိုးဖောက်တဲ့ အလုပ်ခွင် ၈၂၀ လောက်ကို အရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဆေးခဲ့သမျှ လုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသား အလုပ်သမား ၃၀၆,၅၇၇ ဦးရှိနေပြီး မြန်မာနိုင်ငံက အများဆုံးအဖြစ် ၂၃၂,၁၀၆ ဦး၊ ကမ္ဘောဒီးယား နိုင်ငံသား ၄၂၆၉၈ ဦး၊ လာအိုနိုင်ငံသား ၁၈၀၀၁ ဦးနဲ့ ဗီယက်နမ်သား ၂၃၆ ဦး ပါဝင်တယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အားလုံးထဲကမှ နိုင်ငံခြားသား အလုပ်သမား ၁၆၈၉ ဦးဟာ ဥပဒေကြောင်းအရ အရေးယူ ကိုင်တွယ်မှုတွေ ကြုံခဲ့ပြီး ၇၂၁ ဦးဟာ နိုင်ငံခြားသားတွေအတွက် ခွင့်မပြုထားတဲ့ အလုပ်အကိုင်မှာ ပါဝင်ပတ်သက်နေတာလို့ ဆိုပါတယ်။ အရေးယူခံရသူတွေထဲက ၃၁၆ ဦးဟာ မြန်မာတွေဖြစ်ပြီး ကမ္ဘောဒီးယားက ၁၇၅ ဦး၊ လာအိုက ၁၀၆ ဦး၊ အိန္ဒိယက ၆၅ ဦး၊ ဗီယက်နမ်က ၄၂ ဦးနဲ့ တရုတ်က ၅ ဦး ပါဝင်ခဲ့ပါတယ်။

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

ဒါ့အပြင် တချို့လုပ်ငန်းတွေဟာ လုပ်ငန်းလိုင်စင် မရှိဘဲ ရေရှည် နေထိုင်ခွင့် ဗီဇာ ရထားတဲ့ နိုင်ငံခြားသားတွေက ဦးဆောင် လည်ပတ်နေပြီး အိမ်ခြံမြေ လုပ်ငန်းလို နယ်ပယ်တွေမှာ အဲဒီလို အခြေအနေတွေကို ပိုမို စစ်ဆေးဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံရေးသမားတွေက ဝေဖန် ထောက်ပြထားကြပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။