Connect with us

Hi, what are you looking for?

သတင်း

ပလရဲစခန်းအား ဗုံးသီးချတိုက်ခိုက်မှုတွင် အမျိုးသမီးရဲဘော်များ ပါဝင်တိုက်ခိုက်

ပုလောမြို့နယ်အတွင်းရှိ စစ်တပ်များကို မြိတ် ခရိုင်အမှတ်(၁) တပ်ရင်းအနေဖြင့် အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ရာ ပြည်သူများအနေနှင့် ဖက်ဆစ်စစ်သားများ၊ ၎င်းတို့တပ်စွဲရာနေရာများနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြရန်မေတ္တာ ရပ်ခံထားသည်။

(စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ပလရဲစခန်းတည်နေရာနှင့် အမျိုးသမီးတော်လှန်ရေးရဲဘော်တစ်ဦးကို တွေ့ရစဥ်။ဓာတ်ပုံ - မြိတ် ရင်း -၁)
(စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ပလရဲစခန်းတည်နေရာနှင့် အမျိုးသမီးတော်လှန်ရေးရဲဘော်တစ်ဦးကို တွေ့ရစဥ်။ဓာတ်ပုံ - မြိတ် ရင်း -၁)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပလမြို့ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သည့်စစ်ဆင်ရေးတွင် ဒရုန်းတပ်ဖွဲ့မှ အမျိုးသမီးရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ် ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဧပြီ ၁၁)ညနေ ၆ နာရီခန့်က စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၆၀ ခန့်တပ်စွဲထားသော ပလမြို့ရဲစခန်းအား T2 Special Drone Force မှ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ပလရဲစခန်းတည်နေရာနှင့် အမျိုးသမီးတော်လှန်ရေးရဲဘော်တစ်ဦးကို တွေ့ရစဥ်။ဓာတ်ပုံ - မြိတ် ရင်း -၁)
(စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ပလရဲစခန်းတည်နေရာနှင့် အမျိုးသမီးတော်လှန်ရေးရဲဘော်တစ်ဦးကို တွေ့ရစဥ်။ဓာတ်ပုံ – မြိတ် ရင်း -၁)

အဆိုပါ စစ်ဆင်ရေးတွင် မြိတ်ခရိုင်တပ်ရင်း (၁)ရှိ အမျိုးသမီးရဲဘော် ဒရုန်းတပ်ဖွဲ့ဝင်များ ကိုယ်တိုင် စစ်ဆင်ရေး၌ ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

Public Service Announcement

Public Service Announcement

“(အမျိုးသမီးရဲဘော်များပါဝင်တိုက်ခိုက်ခြင်း)ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်စစ်ဆင်ရေးတွေမှာလည်း အမျိုးသမီး Pilot တွေ တာဝန်ထမ်းဆောင်ခဲ့တာရှိပါတယ်”ဟု စစ်ဆင်ရေးတွင် အမျိုးသမီးရဲဘော်များ ပါ ဝင်တိုက်ခိုက်မှုကို တပ်ရင်း(၁)တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ ဒရုန်းစစ်ဆင်ရေးတွင် ရဲစခန်းအတွင်းရှိ အဆောက်အအုံများကို အဓိကပစ်မှတ်များအဖြစ်သတ်မှကြဲချခဲ့ပြီး တိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လက် နက်ကြီးများဖြင့် ရမ်းသမ်းပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိခဲ့ဟု ၎င်းက ဆိုသည်။

ပုလောမြို့နယ်အတွင်းရှိ စစ်တပ်များကို မြိတ် ခရိုင်အမှတ်(၁) တပ်ရင်းအနေဖြင့် အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ရာ ပြည်သူများအနေနှင့် ဖက်ဆစ်စစ်သားများ၊ ၎င်းတို့တပ်စွဲရာနေရာများနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြရန်မေတ္တာ ရပ်ခံထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်လျှက်ရှိရာ ဧပြီ ၈ရက်ကလည်း လောင်းလုံးမြို့နယ် လဝကရုံး၌တပ်စွဲထားသော စစ်ကောင်စီတပ်ကို LLPDF နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။