Connect with us

Hi, what are you looking for?

News

ဖာပွန်ရှိ နေအိမ်များကို စစ်ကောင်စီရှာဖွေစစ်ဆေးကာ မသင်္ကာပါက လက်နက်ကြီးဖြင့်ပစ်မည်ဟု ခြိမ်းခြောက်

ဖာပွန်အခြေစိုက် ခမရ (၄၀၆) တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၁ရက်က မြို့တွင်းရှိနေအိမ် ၄၅အိမ်ကို တစ်အိမ်တက်ဆင်းရှာဖွေခဲ့ပြီး သတ္တမဥပုဒ်နေ့အသင်း(SDA) ၏ ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ရှာဖွေ မွှေနှောက်သွားကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်ရှိ နေအိမ်အများအပြားကို စစ်‌ကောင်စီဝင်ရောက်ရှာဖွေ စစ်ဆေးကာ မသင်္ကာပါကလက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ပြည်သူလူထုအား ခြိမ်းခြောက် ပြောဆိုသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)၏ Mutraw Newsက သတင်းဖော်ပြသည်။

ဖာပွန်အခြေစိုက် ခမရ (၄၀၆) တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၁ရက်က မြို့တွင်းရှိနေအိမ် ၄၅အိမ်ကို တစ်အိမ်တက်ဆင်းရှာဖွေခဲ့ပြီး သတ္တမဥပုဒ်နေ့အသင်း(SDA) ၏ ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ရှာဖွေ မွှေနှောက်သွားကြောင်း ဖော်ပြထားသည်။

ထိုသို့ ရှာဖွေစစ်ဆေးစဉ် သင်္ကာမကင်းမှု ဖြစ်ပေါ်လာသည့် အခါတိုင်း မြို့တွင်းသို့လက်နက်ကြီး ပစ်ခတ်မည်ဖြစ်ကြောင်း၊ ယင်းသို့ ပစ်ခတ်စဉ်အတွင်း မြို့သူ၊ မြို့သားများ၊ တစ်စုံတစ် ရာ သေကြေထိခိုက်ဒဏ်ရာရပါက ၎င်းတို့ အပြစ်မဟုတ်ကြောင်း ခြိမ်းခြောက် ပြောဆိုသွားသည်ဟု ဆိုသည်။

အောက်တိုဘာ ၁၀ရက်ညကလည်း ဖာပွန်အခြေစိုက် ခမရ (၃၄၁)သည် မြို့တွင်းရှိ အမှတ်(၂)ရပ်ကွက် အတွင်းသို့ လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်သဖြင့် အရပ်သား ၂ဦး နေအိမ်များပေါ်သို့ ကျရောက်ကာ အိမ်ခေါင်မိုများ ပျက်စီးမှု ဖြစ်ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ၊ စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook