Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကတိုက်ပွဲမရှိဘဲ ကုန်းသာရွာကို ဗုံးကြဲ၍ က​လေးငယ်နှစ်ဦး အပါအဝင်ပြည်သူ ၆ ဦး​သေဆုံး

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

(​သေဆုံးသူများ၏ ရုပ်အ​လောင်းကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(​သေဆုံးသူများ၏ ရုပ်အ​လောင်းကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာ ကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲ၍ ငါးနှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း Kayan New Generation Youth က ထုတ်ပြန်သည်။

ယ​နေ့(ဧပြီ ၂၀)နံနက်၁၁ နာရီ မိနစ် ၅၀ ခန့်ကစစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲကတော့မရှိဘူးလို့ သိရတယ်။ ဒီတိုင်းသက်သက်မဲ့ ပြည်သူတွေနေထိုင်တဲ့ရွာထဲကို ကြဲချတဲ့သဘောဖြစ်ပါတယ်”ဟု KNGY မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

ထို့အပြင်ကုန်းသာကျေးရွာရှိ နေအိမ် အလုံး ၂၀ ခန့်ပျက်စီးသွားကြောင်းလည်း သိရသည်။

မကြာသေးမီရက်ပိုင်းကလည်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KnHRG က ထုတ် ပြန်ထားသည်။

တိုက်ပွဲများဖြစ်ပွါးနေသည့် ကရင်နီ ပြည်နှင့် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စစ်ကောင်စီက နေ့စဥ် လေကြောင်းအသုံးပြုဗုံးကြဲနေပြီး လေကြောင်းရန် သတိပြုရန်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဧပြီလဆန်းပိုင်းကလည်း ဖယ်ခုံ နှင့် ဖားဆောင်းမြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ မတ်လကုန်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည် နယ်၌သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၄၈၁ ဦးရှိပြီး စစ်ရှောင်စဥ်သေဆုံးသူ ၁၅၁ ဦးရှိ​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။