Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတား၌ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မြဝတီမြို့ရှိ နေအိမ်အချို့မီးလောင်နေစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မြဝတီမြို့ရှိ နေအိမ်အချို့မီးလောင်နေစဥ်။ ဓာတ်ပုံ - CJ)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတား၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက ယမန်နေ့(ဧပြီ ၂၁ရက်)ညပိုင်း၌ လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ည ၁၂နာရီကျော်တွင် မြဝတီမြို့ အမှတ်(၂)တံတား နေရာအနီးကို လေကြောင်းမှ ငါးကြိမ်ခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု People’s Spring၏ မြဝတီမြို့ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဘာတွေလာပစ်နေလဲတော့ မသိဘူး။ လာပစ်တာပဲ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ယနေ့(ဧပြီ ၂၂ရက်) နံနက်တွင် ပစ်ခတ်မှုမရှိဘဲ မြဝတီမြို့ပေါ်၌ ငြိမ်သက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

” ထခိုက်မှုတော့ မရှိဘူးကြားတယ်”ဟု ၎င်းက ဆက်ပြောသည်။ ယမန်နေ့က တိုက်ပွဲငြိမ်သက်သွား၍ အမှတ်(၂)တံတားအနီး ရပ်ကွက်များမှ စစ်ဘေးရှောင်ပြည်သူများမှာ နေအိမ်များသို့ ပြန်လည်ရောက်ရှိလာသော်လည်း စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နေထိုင်ရန်မသင့်သေး၍ ထပ်မံတိမ်းရှောင်ခိုင်းခဲ့ကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။ မြဝတီမြို့နှင့်ပတ်သက်ပြီး လက်တလောတွင် သတင်းများအမျိုးမျိုးထွက်ပေါ်နေသော်လည်း တချို့အရာများမှာ မှားဘွင်းကြောင်း ၎င်းက ဆိုသည်။

” ဥပမာမြို့ထဲကို စကစတွေ အရပ်ဝတ်နဲ့ဝင်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ဘူး”ဟု အဆိုပါ ဒေသခံက ပြောသည်။ လက်ရှိတွင် ကရင်နယ်ခြားစောင့်တပ်(BGF)က မြို့လုံခြုံရေး တာဝန်ယူထားသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များက မြတတီမြို့အမှတ်(၂)တံတားရှိ စစ်ကောင်စီတပ်သားများအား ၃၆နာရီကြာတိုက်ခိုက်ပြီးနောက် ယမန်နေ့(ဧပြီ ၂၁ရက်) နံနက် ၈နာရီခန့်တွင် ပစ်ခတ်မှုရပ်ပြီးနောက် နံနက်၉နာရီခန့်တွင် ယာယီဆုတ်ခွာသွားခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်များက အမှတ်(၂)တံတားရှိ စစ်ကောင်စီတပ်သားများအား ဧပြီ ၁၉ရက် ည ၇နာရီခန့်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တော်လှန်ရေးပူးပေါင်းတပ်က ပြန်ဆုတ်သွားပြီ။ လူထုအထိနာမှာစိုးလို့ ပြန်ဆုတ်သွားတယ် သိရတယ်”ဟု People’s Spring၏ မြဝတီမြို့ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် မြဝတီမြို့ရှိ အရပ်သားပြည်သူ ငါးဦးထက်မနည်းသေဆုံးကြောင်းလည်း People’s Springက စုံစမ်းသိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမှတ်(၂)တံတားအနီး မြဝတီမြို့ ရပ်ကွက်(၅)ရှိ ပတ္တမြားဓာတ်ဆီဆိုင်အနီး နေအိမ်များ မီးလောင်ပျက်စီးပြီး ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်လည်း ထိမှန်ပျက်စီးခဲ့သည်ဟု မြဝတီမြို့ခံများက ပြောသည်။

ထို့အပြင် အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားသည်ဟု ကြားသိရပြီး အရေအတွက်နှင့် ပတ်သက်၍ People’s Spring က သီးခြားအတည်ပြုချက်မရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

ထိုစစ်သားများမှာ ထိုင်းနိုင်ငံသို့လည်း ဝင်​ရောက်ခွင့်မ​တောင်းဘဲ ​နောက်မှ စစ်ကူလာမည်ကို ​စောင့်ဆိုင်း​နေကြခြင်းဖြစ်သည်။ ​တော်လှန်​ရေးအဖွဲ့များက ၁၀ ရက်အချိန်​ပေးပြီး​နောက် ဧပြီ ၁၉ ရက်ညမှစ၍ ဒရုန်းဖြင့်စတိုက်ပြီး ထို​နောက် တစ်ညလုံးတိုက်ခိုက်​နေခြင်းဖြစ်သည်။ ထိုစစ်သားများ​စောင့်​နေ​သော စစ်ကူစစ်​ကြောင်းမှာလည်း ​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်မှု​ကြောင့် ​ဒေါန​တောင် ခြေမှာပင်​ရှေ့မတိုးနိုင်ဖြစ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

Facebook