Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ အခုနှစ်အတွင်း အပူလျှပ် သေဆုံးသူ ၃၀ ကျော်ရှိလာထိုင်းမှာ အခုနှစ်အတွင်း အပူလျှပ် သေဆုံးသူ ၃၀ ကျော်ရှိလာထိုင်းမှာ အခုနှစ်အတွင်း အပူလျှပ် သေဆုံးသူ ၃၀ ကျော်ရှိလာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းမှာ အခုနှစ်အတွင်း အပူလျှပ် သေဆုံးသူ ၃၀ ကျော်ရှိလာ
ထိုင်းမှာ အခုနှစ်အတွင်း အပူလျှပ် သေဆုံးသူ ၃၀ ကျော်ရှိလာ

ရာသီဥတု ပူပြင်းလွန်းတာကြောင့် ထိုင်းနိုင်ငံမှာ အခုနှစ်အတွင်း လူပေါင်း ၃၀ ကျော် အပူလျှပ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရက အပူဒဏ် သတိပေး နှိုူးဆော်ချက် အသစ်တွေ ထပ်မံ ထုတ်ပြန်ချိန်မှာ အခုလိုမျိုး ရာသီဥတုနဲ့ ဆက်စပ်တဲ့ သေဆုံးမှု ကိန်းဂဏန်းတွေကိုပါ ဖော်ပြလာခဲ့တာပါ။

အခုသီတင်းပတ်ထဲမှာ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက မြို့ရဲ့ အပူချိန်ဟာ ၅၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်အထိ မြင့်တက်နိုင်ကြောင်း သတိပေး ကြေညာခဲ့ပါတယ်။

အရှေ့တောင်အာရှနဲ့ တောင်အာရှ ဒေသတွေမှာ ကြောက်ခမန်းလိလိ အပူချိန် မြင့်မားမှုတွေ ကြုံနေရပြီး ဖိလစ်ပိုင်မှာ ဆိုရင်လည်း ပူလွန်းတာကြောင့် ကျောင်းတွေကို ပိတ်ထားရပြီး အွန်လိုင်းကနေ သင်ကြားပို့ချတာမျိုး နည်းလမ်းတွေကို ပြောင်းလဲ အသုံးပြုနေရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၁၇ ရက်အတွင်း ၃ လခွဲလောက် ကာလအတွင်းမှာတင် အပူလျှပ်လို့ လူ ၃၀ ကျော် သေဆုံးခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ မနှစ်က တစ်နှစ်လုံးစာ ကာလမှာတောင် အပူလျှပ် သေဆုံးသူ ၃၇ ဦးသာ ရှိခဲ့တဲ့အတွက် အခြေအနေက ဘယ်လောက် စိုးရိမ်စရာကောင်းသလဲ ဆိုတာကို မြင်သာစေတယ်လို့လည်း ဝန်ကြီးဌာနက ထောက်ပြထားပါတယ်။

ထိုင်းအစိုးရရဲ့ ရောဂါထိန်းချုပ်ရေးဌာန ဒုတိယ အကြီးအကဲ ဒီရက်ခ် ခမ်ပေယန်ကလည်း သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးအခံ မကောင်းသူတွေကို တတ်နိုင်သမျှ အိမ်ထဲမှာ နေကြဖို့၊ ရေများများ ပုံမှန်သောက်ကြဖို့ တိုက်တွန်း နှိုူးဆော်ထားပါတယ်။

ဧပြီလဟာ ထိုင်းနဲ့ တခြားအရှေ့တောင်အာရှ နိုင်ငံတွေအတွက် နှစ်စဉ် အပူဆုံးကာလ ဖြစ်လေ့ရှိပေမယ့် အခုနှစ်မှာတော့ အယ်လ်နီညို အပူလှိုင်း ဖြစ်ပေါ်မှုနဲ့ ဆက်စပ်ပြီး အခြေအနေတွေက ပိုဆိုးလာခဲ့တာပါ။

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာဖက်ခြမ်းမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေရာ ထိုင်း-မြန်မာ နယ်စပ်မှာလည်း အပူချိန်ဟာ ဧပြီ ၂၄ ရက်နေ့မှာ ၄၅.၉ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရှိခဲ့ပြီး အခုသီတင်းပတ်ကုန်ထိ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်ဖွယ် မရှိဘူးလို့ သိရပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။