Connect with us

Hi, what are you looking for?

သတင်း

တပ်မ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီးညီညီဦးကိုစစ်​ကောင်စီခန့်အပ်

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

မြဝတီ အမှတ် ၂ တံတားတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး ​သေဆုံး​ကြောင်းသတင်းထွက်ခဲ့​သောဗိုလ်မှူးကြီး စိုးမင်းထက်
မြဝတီ အမှတ် ၂ တံတားတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး ​သေဆုံး​ကြောင်းသတင်းထွက်ခဲ့​သောဗိုလ်မှူးကြီး စိုးမင်းထက်

▪︎ အာဏာသိမ်းပြီး သုံးနှစ်​ကျော်အတွင်း တပ်မ ၄၄ တပ်မမှူး နေရာကို စစ်ကောင်စီက ၅ ကြိမ်မြောက်​​ပြောင်းခန့်

▪︎ကော်ဘရာစစ်​ကြောင်းတိုက်ခိုက်၍တပ်မမှူး ၂ ဦး​သေပြီး ၁ဦးဒဏ်ရာရထား

ရဲခေါင်၊​​ရွှေပြည်စိုး/People’s Spring

စစ်ကောင်စီက ခြေမြန်တပ်မဌာနချုပ် အမှတ်(၄၄) ၏ တပ်မမှူးနေရာကို စစ်တက္ကသိုလ် အပတ်စဥ် ၄၁ မှ ဗိုလ်မှူးကြီး ညီညီဦး ကို ခန့်အပ်လိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော် က ပြောသည်။

အာဏာသိမ်းပြီး သုံးနှစ်အတွင်း တပ်မ ၄၄ တပ်မမှူး နေရာကို စစ်ကောင်စီက ငါးကြိမ်မြောက်အပြောင်း အလဲ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိ တပ်မ ၄၄ တပ်မမှူး အသစ်သည် နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ်၌ နည်းပြ အဖြစ်ဆောင်ရွက်ခဲ့သူဟု ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းမတိုင်မီ တပ်မ ၄၄ တပ်မမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး စိုးမင်းထက်သည် ခလရ ၂၇၅ အဖွဲ့ကို ဦးဆောင်စဥ် မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ထိခိုက်ကျဆုံးခဲ့သည်ဟု ကနဦး သတင်းများထွက်ပေါ် ခဲ့သည်။

“ဒဏ်ရာကြောင့်လား ရှုံးနိမ့်မှုကြောင့်လားတော့ မသိရသေးခင်ဗျ”ဟု တပ်မ ၄၄ တပ်မမှူးနေရာ ပြောင်ရွှေ့မှုအပေါ် CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

လက်ရှိတပ်မမှူးသစ် ဗိုလ်မှူးကြီးညီညီဦးမတိုင်ခင် တပ်မ ၄၄ တပ်မမှူးများတာဝန်ထမ်း​ဆောင်ခဲ့​သောကာလများ
လက်ရှိတပ်မမှူးသစ် ဗိုလ်မှူးကြီးညီညီဦးမတိုင်ခင် တပ်မ ၄၄ တပ်မမှူးများတာဝန်ထမ်း​ဆောင်ခဲ့​သောကာလများ

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက်သည်မြဝတီ အမှတ်(၂) ကုန်သွယ်ရေးတံတားအောက်၌ ပုန်းခိုနေသောစစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစုများကဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဧပြီလ ၂၁ ရက်နေ့က ဖော်ပြခဲ့သည်။ စစ်ကောင်စီကမူဗိုလ်မှူးကြီးစိုးမင်းထက်နှင့် ပတ်သတ်၍ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ကရင်ပြည်နယ်မှစစ်ရေးသတင်းရင်းမြစ်တဦးကလည်း”ညီညီဦးကို ၄၄ တပ်မမှူးပေးလိုက်တာ မှန်တယ်။ ဗိုလ်မှူးကြီးစိုးမင်းထက်သတင်းတော့ ဘာမှ မကြားပါ” ဟု ပြောသည်။

KNU က အမှတ် (၂) တံတားအနီးတိုက်ပွဲကို သတင်းထုတ်ပြန်ရာတွင် တပ်မမှူးမှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူ ၃၀ ​ကျော်ရှိပြီး ​သေဆုံးသူလည်း ၃၀ ထက်မနည်း​ကြောင်း​ဖော်ပြထားသည်။

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်တွင် စစ်​ရေးလှုပ်ရှားခဲ့​သော တပ်မ ၄၄ မှတပ်မမှူးများသည်​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်မှူ​ကြောင့် သုံးနှစ်အတွင်း​ အနည်းဆုံးသေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။ဗိုလ်မှူးကြီးစိုးမင်းထက်ပါ ​သေပါက ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်၍ သုံးဦး​မြောက်​သေဆုံး​သော တပ်မမှူးဖြစ်လာမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် သြဂုတ်လတွင် တပ်မ ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ်တင်မိုးနိုင်၊၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင်ဗိုလ်မှူးချုပ် ဝင်းနောင်စိုး၊၂၀၂၄ နှစ် ဇန်နဝါရီလ တွင် ဗိုလ်မှူးချုပ်အေးမင်းနောင် နှင့် ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီးစိုးမင်းထက် တို့ကို စစ်ကောင်စီက ခန့်အပ်ခဲ့သည်။

ဗိုလ်မှူးချုပ်ဝင်းနောင်စိုး နှင့် အေးမင်းနောင်တို့ကို နာမည်​ကျော်​ကောဘရာစစ်​ကြောင်းကတိုက်ခိုက်ရှင်းလင်းခဲ့​ကြောင်းထုတ်ပြန်ခဲ့သည်။ဗိုလ်မှူးချုပ်​အေးမင်း​နောင်မှာ တပ်မမှူးဖြစ်ပြီး တာဝန်လွှဲ​ပြောင်းယူရန် ရဟတ်ယာဥ်ဖြင့် ၂၀၂၄ ဇန်နဝါရီ ၂၉ ရက်က သဃ်န်းညီ​နောင်ဗျူဟာလစဥ် ကော်ဘရာစစ်ကြောင်းကတိုက်ခိုက်ခဲ့၍ ​သေဆုံးခဲ့ပြီး ရဟတ်ယာဥ်ပါပျက်ကျခဲ့သည်။

(မြဝတီ အမှတ် ၂ တံတားတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး ​သေဆုံး​ကြောင်းသတင်းထွက်ခဲ့​သောဗိုလ်မှူးကြီး စိုးမင်းထက် နှင့် လက်ရှိတပ်မမှူးသစ် ဗိုလ်မှူးကြီးညီညီဦးမတိုင်ခင် တပ်မ ၄၄ တပ်မမှူးများတာဝန်ထမ်း​ဆောင်ခဲ့​သောကာလများ)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။