Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်း(Online)လောင်းကစားလုပ်ကိုင်သည့်နိုင်ငံခြားသားများ ‌ခြောက်လအတွင်းအပြီးထွက်ခွာရမည်ဟု BGF ‌ဆို

ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGFက ရရှိနေသည်။ အဆိုပါငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်က ရရှိနေသည်ဟု USIPအဖွဲ့က ဆိုသည်။

(သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parkအား တွေ့ရစဥ်။ ဓာတ်ပုံ - Nikkei Asia)
(သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parkအား တွေ့ရစဥ်။ ဓာတ်ပုံ - Nikkei Asia)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်း(Oline) လောင်းကစားလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများ ‌ခြောက်လအတွင်း အပြီးထွက်ခွာကြရန် သတိပေးထုတ်ပြန်ထားကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။

“ပပျောက်မှုမရှိဘူးဆိုပြီး အကြီးအကဲတွေက အရေးပေါ်အစည်းအဝေးခေါ်ယူပြီးတော့ ဒီကိစ္စကိုအကောင်းဆုံးပပျောက်အောင်လုပ်ဖို့ ဒီတစ်နည်းပဲရှိတော့ သက်ဆိုင်ရာဆိုက်အသီးသီးမှာ ကြော်ငြာတွေ ကပ်တယ်။ အချိန်‌ခြောက်လပေးထားတာပေါ့နော်”ဟု ဗိုလ်မှူးကြီးနိုင်မောင်ဇော်က လူထုနွေဦးသို့ ပြောသည်။

(သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parkအား တွေ့ရစဥ်။ ဓာတ်ပုံ - Nikkei Asia)
(သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parkအား တွေ့ရစဥ်။ ဓာတ်ပုံ – Nikkei Asia)

ယခု မေလမှ လာမည့် အောက်တိုဘာ ၃၁ရက်အတွင်း အပြီးထွက်ခွာရမည်ဖြစ်ပြီး မြဝတီဒေသအတွင်း၌ ရောက်ရှိနေသည့် နိုင်ငံခြားသား ၅,၀၀၀မှ ၆,၀၀၀ကြားရှိကြောင်းလည်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

” မထွက်ခွာဘူးဆိုင်ရင် ကိုယ်တို့က ထိန်းသိမ်းပြီးတော့ သူတို့သက်ဆိုင်ရာသံရုံးတွေကို ပြန်အပ်မှာပေါ့”ဟု ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။

“ကရင်ပြည်နယ် မြဝတီမြို့နယ်ဒေသတစ်ဝိုက်ရှိ (Online)လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများအားလုံး (၁.၅.၂၀၂၄)ရက်နေ့မှ (၃၁.၁၀.၂၀၂၄)ရက်နေ့အတွင်း ထွက်ခွာပေးရမည်ဖြစ်ပါသည်။ တရားမဝင်နယ်စပ်ဖြတ်ကျော်ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် မိမိတို့လာရာ လမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေးရမည်ဖြစ်ပါသည်။ (၃၁.၁၀.၂၀၂၄)ရက်နေ့နောက်ပိုင်း တွေ့ရှိပါက ထိရောက်စွာအရေးယူခြင်းခ့ရမည်ဖြစ်ပါမည်”ဟု BGF၏ ထုတ်ပြန်စာတွင် ရေးသားထားသည်။

” ကိုယ်တို့က အခုမှမဟုတ်ဘူး။ အရင်းတည်းက ပြန်ပို့တာတွေရှိတယ်။ သတင်းထုတ်ပြန်မှုအပိုင်းမှာမရှိခဲ့လို့။ သက်ဆိုင်ရာသံရုံးအသီးသီးက နာမည်နဲ့ လာတာတွေရှိတယ်။ အဲဒါဆို ချက်ချင်းခေါ်ထုတ်ပြီးပြန်ပို့တယ်”ဟု ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။

သို့သော် နိုင်ငံခြားသားများအား နှင်ထုတ်ပို့ဆောင်မှုများရှိသော်လည်း အသစ်ဝင်ရောက်လာသူများမှာလည်း များပြားနေသည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

BGFထိန်းချုပ်နယ်မြေအတွင်း တရုတ်ငွေလိမ်ဂိုဏ်းများ လုပ်ငန်းလည်ပတ်နေပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့နှင့် ဆက်နွယ်နေကြောင်း အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) အဖွဲ့က ဧပြီ ၂၂ ရက်နေ့ ရက်စွဲဖြင့် သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြလာသည်။

ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGFက ရရှိနေသည်။ အဆိုပါငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်က ရရှိနေသည်ဟု USIPအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ဥပဒေတွေ ချိုးဖောက်သူ နိုင်ငံခြားသားတွေကိုပြည်နှင်နိုင်မယ့် အစိုးရ အမိန့်သစ်ဟာ ဩဂုတ် ၂၈ ရက်နေ့မှာ စတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။