Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်း(Online)လောင်းကစားလုပ်ကိုင်သည့်နိုင်ငံခြားသားများ ‌ခြောက်လအတွင်းအပြီးထွက်ခွာရမည်ဟု BGF ‌ဆို

ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGFက ရရှိနေသည်။ အဆိုပါငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်က ရရှိနေသည်ဟု USIPအဖွဲ့က ဆိုသည်။

(သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parkအား တွေ့ရစဥ်။ ဓာတ်ပုံ - Nikkei Asia)
(သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parkအား တွေ့ရစဥ်။ ဓာတ်ပုံ - Nikkei Asia)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်း(Oline) လောင်းကစားလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများ ‌ခြောက်လအတွင်း အပြီးထွက်ခွာကြရန် သတိပေးထုတ်ပြန်ထားကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။

“ပပျောက်မှုမရှိဘူးဆိုပြီး အကြီးအကဲတွေက အရေးပေါ်အစည်းအဝေးခေါ်ယူပြီးတော့ ဒီကိစ္စကိုအကောင်းဆုံးပပျောက်အောင်လုပ်ဖို့ ဒီတစ်နည်းပဲရှိတော့ သက်ဆိုင်ရာဆိုက်အသီးသီးမှာ ကြော်ငြာတွေ ကပ်တယ်။ အချိန်‌ခြောက်လပေးထားတာပေါ့နော်”ဟု ဗိုလ်မှူးကြီးနိုင်မောင်ဇော်က လူထုနွေဦးသို့ ပြောသည်။

(သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parkအား တွေ့ရစဥ်။ ဓာတ်ပုံ - Nikkei Asia)
(သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parkအား တွေ့ရစဥ်။ ဓာတ်ပုံ – Nikkei Asia)

ယခု မေလမှ လာမည့် အောက်တိုဘာ ၃၁ရက်အတွင်း အပြီးထွက်ခွာရမည်ဖြစ်ပြီး မြဝတီဒေသအတွင်း၌ ရောက်ရှိနေသည့် နိုင်ငံခြားသား ၅,၀၀၀မှ ၆,၀၀၀ကြားရှိကြောင်းလည်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

” မထွက်ခွာဘူးဆိုင်ရင် ကိုယ်တို့က ထိန်းသိမ်းပြီးတော့ သူတို့သက်ဆိုင်ရာသံရုံးတွေကို ပြန်အပ်မှာပေါ့”ဟု ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။

“ကရင်ပြည်နယ် မြဝတီမြို့နယ်ဒေသတစ်ဝိုက်ရှိ (Online)လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများအားလုံး (၁.၅.၂၀၂၄)ရက်နေ့မှ (၃၁.၁၀.၂၀၂၄)ရက်နေ့အတွင်း ထွက်ခွာပေးရမည်ဖြစ်ပါသည်။ တရားမဝင်နယ်စပ်ဖြတ်ကျော်ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် မိမိတို့လာရာ လမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေးရမည်ဖြစ်ပါသည်။ (၃၁.၁၀.၂၀၂၄)ရက်နေ့နောက်ပိုင်း တွေ့ရှိပါက ထိရောက်စွာအရေးယူခြင်းခ့ရမည်ဖြစ်ပါမည်”ဟု BGF၏ ထုတ်ပြန်စာတွင် ရေးသားထားသည်။

” ကိုယ်တို့က အခုမှမဟုတ်ဘူး။ အရင်းတည်းက ပြန်ပို့တာတွေရှိတယ်။ သတင်းထုတ်ပြန်မှုအပိုင်းမှာမရှိခဲ့လို့။ သက်ဆိုင်ရာသံရုံးအသီးသီးက နာမည်နဲ့ လာတာတွေရှိတယ်။ အဲဒါဆို ချက်ချင်းခေါ်ထုတ်ပြီးပြန်ပို့တယ်”ဟု ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။

သို့သော် နိုင်ငံခြားသားများအား နှင်ထုတ်ပို့ဆောင်မှုများရှိသော်လည်း အသစ်ဝင်ရောက်လာသူများမှာလည်း များပြားနေသည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

BGFထိန်းချုပ်နယ်မြေအတွင်း တရုတ်ငွေလိမ်ဂိုဏ်းများ လုပ်ငန်းလည်ပတ်နေပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့နှင့် ဆက်နွယ်နေကြောင်း အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) အဖွဲ့က ဧပြီ ၂၂ ရက်နေ့ ရက်စွဲဖြင့် သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြလာသည်။

ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGFက ရရှိနေသည်။ အဆိုပါငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်က ရရှိနေသည်ဟု USIPအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ်မြ၀တီမြို့၊နဒီလင်းမြိုင်ရွာမှာပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ ၂၀ ရက်မှာ ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိသဲဖြူချောင်းရွာဝန်းကျင်မှာထိုးစစ်ဆင်လာနေတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ လက်ရှိအောက်တိုဘာလဆန်းပိုင်းမှာတိုက်ပွဲတွေပြန် လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။