Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာလေးရွာမှ စစ်ကောင်စီနှင့် SNA ပူးပေါင်းစခန်းများကို PDFများ သိမ်းပိုက်

စစ်ကောင်စီသည် ကလေးမြို့လေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို ဟုမ္မလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)

ထူးအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာလေးရွာမှ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါရွာများကို စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု၍ တိုက်ခိုက်နေသည်။

ဟုမ္မလင်းမြို့နယ်မှ တုံမာဟဲ၊ မုတ်ကလိ၊ ဖာနိုင်းနှင့် ပရစ်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းနှင့် SNA စခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလတတိယပတ်တွင် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယခုရက်ပိုင်းအတွင်း သိမ်းယူလာခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟုမ္မလင်း PDF)

” ရွာလေးရွာကို သိမ်းလိုက်တော့ လေကြောင်းကနေ လာပစ်နေတယ်။ ဒေသခံတွေကတော့ ရှောင်နေကြရပြီး အရပ်သားထိခိုက်မှု သတင်းမကြားရသေးပါဘူး”ဟု ဟုမ္မလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံး သတင်းများကို မသိရှိရသေးပေ။ ထို့အပြင် တိုက်ပွဲနှင့်ပတ်သက်ပြီး မကြာမီတရားဝင်သတင်းထုတ်ပြန်မည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကလေးမြို့လေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို ဟုမ္မလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဟုမ္မလင်းမြို့မြို့နယ်နေရာအချို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ်အခြေနေကိုမသိရှိရသေးပေ။

ယခုအခါ စစ်ကောင်စီသည် ဟုမ္မလင်းမြိုမြို့ပေါ်၌သာ တပ်စွဲထားနိုင်ပြီး ဘေးပတ်ဝန်းကျင် ကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟုမ္မလင်း PDF)

ဟုမ္မလင်းမြို့နယ်မှ ပျူစောထီးရွာများဖြစ်‌သော ကျွန်းကုန်းရွာ ၊ သောင်သွတ်ရွာ ၊ အင်းကြင်းမော်ရွာ ၊ မနော်သာကျေးရွာမှ ပျူစောထီးအင်အား စုစုပေါင်း ၁၂၀ခန့်သည် ပြီးခဲ့သည့် ဧပြီလဆန်းကတိုက်ပွဲများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်ခဲ့ပြီး လက်နက်မျိုးစုံ (၁၃၀) လက်အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းပိုက်ရရှိ ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဟုမ္မလင်းမြို့နယ်အတွင်းပါဝင်သော ရွရွှေပြည်အေးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ်‌နေသော တမူးခရိုင်မှမြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။