Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်နက်ဝယ်ယူမှုများအတွက် ငွေပေးချေမှုများမပြုလုပ်ခဲ့ကြောင်း ထိုင်းSCBငြင်းဆန်

ကုလအစီရင်ခံတွင် ထိုင်းSCBဘဏ်သည် စစ်ကောင်စီအတွက် ၂၀၂၃တွင် ငွေပေးချေမှုက ဒေါ်လာ ၅ သန်းသာရှိခဲ့သော်လည်း ၂၀၂၄တွင် ကန်ဒေါ်လာ သန်း ၁၀၀ အထိမြင့်တက်သွားသည်ဟု အစီရင်ခံစာက​ဖော်ပြထားသည်။

စစ်ကောင်စီလက်နက်ဝယ်ယူမှုများအတွက် ငွေပေးချေမှုများမပြုလုပ်ခဲ့ကြောင်း ထိုင်းSCBငြင်းဆန်
စစ်ကောင်စီလက်နက်ဝယ်ယူမှုများအတွက် ငွေပေးချေမှုများမပြုလုပ်ခဲ့ကြောင်း ထိုင်းSCBငြင်းဆန်

စောနွေဦး/People’s Spring

မြန်မာနိုင်ငံနှင့်ပတ်သတ်ပြီး ငွေပေးချေမှုများသည် လူသုံးကုန်စည်ပေးချေမှု နှင့် စွမ်းအင်ပေးချေမှုများအတွက်သာဖြစ်ပြီး လက်နက်ကုန်သွယ်မှုများအတွက် မပြုလုပ်ခဲ့ကြောင်း ထိုင်းSCBဘဏ်က ဇွန် ၂၇ ရက်တွင်ငြင်းဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာ့လူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် တွမ်အန်ဒရူး၏ ကုလသမဂ္ဂသို့တင်သွင်း​သော အစီရင်ခံစာတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း စစ်ကောင်စီအတွက်လက်နက်ဝယ်ယူများအတွက် ငွေလွဲမှုများကို ထိုင်းဘဏ် ၅ ခုက အဓိက ကူညီခဲ့ကြောင်း​ဖော်ပြထားသည်။

ထိုကြေညာချက်တွင် SCBဘဏ်က အဓိက ကူညီခဲ့ကြောင်းဆိုခဲ့ပြီးနောက် အဆိုပါဘဏ်က ယခုလို ထုတ်ပြန်ချက်ထုတ်ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် ဘဏ်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ကော်ပိုရိတ်ဖောက်သည်များ (အစုအဖွဲ့၊ အသင်းအဖွဲ့များကဖွင့်လှစ်သည့် ဘဏ်စာရင်းများ) က ပြုလုပ်တဲ့ အရောင်းအ၀ယ်အများအပြားဟာ ပုံမှန်စီးပွားရေးလုပ်ငန်းဆောင်တာများဖြစ်တဲ့ လူသုံးကုန်ပစ္စည်းများနဲ့ စွမ်းအင်အတွက် ငွေပေးချေမှုများသာဖြစ်တယ်လို့တွေ့ရှိရပါတယ်။” ဟု ထိုင်းSCBဘဏ်ကဆိုထားသည်။

ထိုအရောင်းအဝယ်မှုများသည် လက်နက်ကုန်သွယ်မှုနှင့် ဆက်စပ်မှုမရှိကြောင်း ၊ ယမန်နှစ်ပေးချေမှုနှင့်နှိုင်းယှဉ်ပါက သိသိသာသာတိုးတက်လာခြင်းမရှိဟုလည်း ထိုင်းဘဏ်ကဆိုထားသည်။ ထိုပြင် ငွေလွှဲမှုများ မလုပ်ဆောင်မီ အာဏာပိုင်များထံကိုလည်း အစီရင်ခံတင်ပြခဲ့သည်ဟုလည်း ထိုင်းဘဏ်ကဆိုသည်။

ကုလအစီရင်ခံတွင် ထိုင်းSCBဘဏ်သည် စစ်ကောင်စီအတွက် ၂၀၂၃တွင် ငွေပေးချေမှုက ဒေါ်လာ ၅ သန်းသာရှိခဲ့သော်လည်း ၂၀၂၄တွင် ကန်ဒေါ်လာ သန်း ၁၀၀ အထိမြင့်တက်သွားသည်ဟု အစီရင်ခံစာက​ဖော်ပြထားသည်။

ကုလအစီရင်ခံစာတွင် စစ်ကောင်စီအတွက် ငွေပေးချေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာမည်ဖြင့် နိုင်ငံခြားဘဏ် ၁၆ ခုကို အသုံးပြုခဲ့ပြီး ထိုထဲတွင် ထိုင်းဘဏ် ၅ ခုပါဝင်ခဲ့သည်ဟု​ဖော်ပြထားသည်။ အဆိုပါထိုင်းဘဏ် ၅ ခုတွင် ငွေပေးချေမှုအများဆုံးပြုုလုပ်ခဲ့သည့် ဘဏ်သည် ထိုင်းSCBဘဏ်ဖြစ်သည်ဟု​ပြောခဲ့ခြင်းဖြစ်သည်။

ကုလအစီရင်ခံစာတွင် ထုတ်ဖော်ချက်အရ ထိုင်းဘဏ်များ စစ်ကောင်စီအတွက် စစ်လက်နက်တင်သွင်းမှုများအတွက် ငွေပေးချေရာတွင် ယခင်နှစ်ထက် နှစ်ဆမြင့်တက်လာပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဖိုးရှိသည်ဟုသိရသည်။

SCBဘဏ်ကို မြန်မာနိုင်ငံတွင် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ ဧပြီ ၉ ရက်၌ ဘဏ်ခွဲဖွင့်လှစ်ခွင့်လိုင်စင်ကိုအခြားနိုင်ငံခြား ၇ခုနှင့်အတူ ဗဟိုဘဏ်က ခွင့်ပြုခဲ့သည်။ SCBဘဏ်သည် မြန်မာနိုင်ငံတွင် SCBဘဏ်လုပ်ငန်းစုပိုင် ဘဏ်ကုမ္ပဏီကို ဖွင့်လှစ်ထားပြီး အခြားနိုင်ငံ ၇ ခုတွင်လည်း ဘဏ်လုပ်ငန်းများဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။