Connect with us

Hi, what are you looking for?

သတင်း

မြန်မာတွင် ဖြစ်ပွားနေသော ဆိုးရွားသည့်ဖြစ်ရပ်များကို ဆက်လက်လျစ်လျူမရှုရန် နိုင်ငံတကာကို သံအမတ်ကြီး ပြော

မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာသည့် ပြစ်မှု ကျူးလွန်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလညီလာခံသို့ ပြောသည်။

ဓာတ်ပုံ - PMMUN
ဓာတ်ပုံ - PMMUN

နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ဆိုးရွားသည့်ဖြစ်ရပ်များကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာသည့် ပြစ်မှု ကျူးလွန်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလညီလာခံသို့ ပြောသည်။

ဓာတ်ပုံ - PMMUN
ဓာတ်ပုံ – PMMUN

လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် နိုင်ငံကို ရေရှည်ကောင်းမွန်စွာ အုပ်ချုပ်နိုင်စွမ်းမရှိဟု ဖော်ပြထားသည်။

ဆက်လက်ပြီး ကျရှုံးနေသည့် စစ်တပ်အုပ်ချုပ်မှုကို ခိုင်မာစွာ ဆန့်ကျင်မှုများကြောင့် စစ်တပ်အုပ်ချုပ်ရေး ယန္တရားသည် နိုင်ငံတစ်ဝှမ်းနေရာဒေသမျိုးစုံ၌ ပြိုကွဲပျက်စီးနေကာ စစ်တပ်၏ တစ်ခုတည်းသော အာဏာဆုပ်ကိုင်မှုနည်းလမ်းသည် မြန်မာပြည်သူများအပေါ် ရက်စက်စွာသတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှုသာ ဖြစ်ကြောင်း မဟာမင်းကြီးရုံးက အစီရင်ခံထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - PMMUN
ဓာတ်ပုံ – PMMUN

အဆိုပါအစီရင်ခံစာတွင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအား ကူညီထောက်ပံ့ရန်၊ စစ်တပ်ကို အဆင့်ဆင့်အရေးယူဆောင်ရွက်ရန်၊ စစ်တပ်ကို ငွေကြေးအရ ဆက်ဆံမှုမပြုဘဲ အဆက်အသွယ်ဖြတ်တောက်ရန်နှင့် လက်နက်ကုန်သွယ်မှုပိတ်ပင်ရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။