Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာတွင် ဖြစ်ပွားနေသော ဆိုးရွားသည့်ဖြစ်ရပ်များကို ဆက်လက်လျစ်လျူမရှုရန် နိုင်ငံတကာကို သံအမတ်ကြီး ပြော

မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာသည့် ပြစ်မှု ကျူးလွန်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလညီလာခံသို့ ပြောသည်။

ဓာတ်ပုံ - PMMUN
ဓာတ်ပုံ - PMMUN

နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ဆိုးရွားသည့်ဖြစ်ရပ်များကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာသည့် ပြစ်မှု ကျူးလွန်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလညီလာခံသို့ ပြောသည်။

ဓာတ်ပုံ - PMMUN
ဓာတ်ပုံ – PMMUN

လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် နိုင်ငံကို ရေရှည်ကောင်းမွန်စွာ အုပ်ချုပ်နိုင်စွမ်းမရှိဟု ဖော်ပြထားသည်။

ဆက်လက်ပြီး ကျရှုံးနေသည့် စစ်တပ်အုပ်ချုပ်မှုကို ခိုင်မာစွာ ဆန့်ကျင်မှုများကြောင့် စစ်တပ်အုပ်ချုပ်ရေး ယန္တရားသည် နိုင်ငံတစ်ဝှမ်းနေရာဒေသမျိုးစုံ၌ ပြိုကွဲပျက်စီးနေကာ စစ်တပ်၏ တစ်ခုတည်းသော အာဏာဆုပ်ကိုင်မှုနည်းလမ်းသည် မြန်မာပြည်သူများအပေါ် ရက်စက်စွာသတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှုသာ ဖြစ်ကြောင်း မဟာမင်းကြီးရုံးက အစီရင်ခံထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - PMMUN
ဓာတ်ပုံ – PMMUN

အဆိုပါအစီရင်ခံစာတွင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအား ကူညီထောက်ပံ့ရန်၊ စစ်တပ်ကို အဆင့်ဆင့်အရေးယူဆောင်ရွက်ရန်၊ စစ်တပ်ကို ငွေကြေးအရ ဆက်ဆံမှုမပြုဘဲ အဆက်အသွယ်ဖြတ်တောက်ရန်နှင့် လက်နက်ကုန်သွယ်မှုပိတ်ပင်ရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော