Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးခေါင်းဆောင်ညီလာခံမှာ တက်ရောက်ခွင့်မပေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးမယ်

သောကြာနေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အွန်လိုင်းအစည်းအဝေးကို လက်ရှိ အာဆီယံ ဥက္ကဌ ဘရူနိုင်းက ကမကထပြုကျင်းပမှာဖြစ်တယ်လို့ သံတမန်တစ်ဦးနဲ့ အခြားအစိုးရအရာရှိ ပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရင်းမြစ်တွေက ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့်အာဆီယံထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့အရေး သောကြာနေ့မှာ ဆွေးနွေးသွား မယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီနေ့(အောက်တိုဘာ၁၄) ဖော်ပြပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားဟာ ဧပြီမှာချမှတ်သဘောတူခဲ့တဲ့၊ ပါတီအားလုံးနဲ့တွေ့ဆုံ ဆွေးနွေးရေး၊ လူသားချင်းစာနာမှုအကူအညီလက်ခံရေးနဲ့ စစ်ရေးပဋိပက္ခတွေအဆုံးသတ်ရေး စတဲ့အချက် အဓိကပါဝင်တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်နဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့လိုက်နာဆောင်ရွက်မှုမရှိခြင်းကို အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

သောကြာနေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အွန်လိုင်းအစည်းအဝေးကို လက်ရှိ အာဆီယံ ဥက္ကဌ ဘရူနိုင်းက ကမကထပြုကျင်းပမှာဖြစ်တယ်လို့ သံတမန်တစ်ဦးနဲ့ အခြားအစိုးရအရာရှိ ပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရင်းမြစ်တွေက ပြောပါတယ်။

မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကတော့ အစည်းအဝေးနဲ့ပတ်သက်လို့ မှတ်ချက်ပြုတုံ့ပြန်တာ မရှိသေးပါဘူး။ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို အီးမေးလ်ကနေတဆင့် မှတ်ချက်တောင်းပေမယ့် တုံ့ပြန်ခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Erywan Yusof ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ အွန်လိုင်းကပြုလုပ်မယ့် ထိပ်သီးခေါင်း ဆောင်များညီလာခံမှာ အာဏာသိမ်းခေါင်းဆောင်ကို မဖိတ်ကြားဖို့ အဖွဲ့ဝင်နိုင်ငံများအကြား အလေးအနက် ထား ဆွေးနွေးနေတယ်လို့ အတည်ပြုထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

Facebook