Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးခေါင်းဆောင်ညီလာခံမှာ တက်ရောက်ခွင့်မပေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးမယ်

သောကြာနေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အွန်လိုင်းအစည်းအဝေးကို လက်ရှိ အာဆီယံ ဥက္ကဌ ဘရူနိုင်းက ကမကထပြုကျင်းပမှာဖြစ်တယ်လို့ သံတမန်တစ်ဦးနဲ့ အခြားအစိုးရအရာရှိ ပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရင်းမြစ်တွေက ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့်အာဆီယံထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့အရေး သောကြာနေ့မှာ ဆွေးနွေးသွား မယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီနေ့(အောက်တိုဘာ၁၄) ဖော်ပြပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားဟာ ဧပြီမှာချမှတ်သဘောတူခဲ့တဲ့၊ ပါတီအားလုံးနဲ့တွေ့ဆုံ ဆွေးနွေးရေး၊ လူသားချင်းစာနာမှုအကူအညီလက်ခံရေးနဲ့ စစ်ရေးပဋိပက္ခတွေအဆုံးသတ်ရေး စတဲ့အချက် အဓိကပါဝင်တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်နဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့လိုက်နာဆောင်ရွက်မှုမရှိခြင်းကို အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

သောကြာနေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အွန်လိုင်းအစည်းအဝေးကို လက်ရှိ အာဆီယံ ဥက္ကဌ ဘရူနိုင်းက ကမကထပြုကျင်းပမှာဖြစ်တယ်လို့ သံတမန်တစ်ဦးနဲ့ အခြားအစိုးရအရာရှိ ပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရင်းမြစ်တွေက ပြောပါတယ်။

မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကတော့ အစည်းအဝေးနဲ့ပတ်သက်လို့ မှတ်ချက်ပြုတုံ့ပြန်တာ မရှိသေးပါဘူး။ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို အီးမေးလ်ကနေတဆင့် မှတ်ချက်တောင်းပေမယ့် တုံ့ပြန်ခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Erywan Yusof ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ အွန်လိုင်းကပြုလုပ်မယ့် ထိပ်သီးခေါင်း ဆောင်များညီလာခံမှာ အာဏာသိမ်းခေါင်းဆောင်ကို မဖိတ်ကြားဖို့ အဖွဲ့ဝင်နိုင်ငံများအကြား အလေးအနက် ထား ဆွေးနွေးနေတယ်လို့ အတည်ပြုထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။