Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ အသေအပျောက် ဖြစ်တဲ့ထိ ဆန္ဒပြမှုတွေ ပြင်းထန်လာတဲ့နောက် ကျောင်းတွေ ပိတ်ထားရ

၁၉၇၁ ခုနှစ်တုန်းက ပါကစ္စတန် နိုင်ငံကနေ ခွဲထွက်တဲ့ လွတ်လပ်ရေး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေက အဲဒီ သီးသန့် အခွင့်အရေးကို ခံစားပိုင်ခွင့် ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အသေအပျောက် ဖြစ်တဲ့ထိ ဆန္ဒပြမှုတွေ ပြင်းထန်လာတဲ့နောက် ကျောင်းတွေ ပိတ်ထားရ
ဘင်္ဂလားဒေ့ရှ်မှာ အသေအပျောက် ဖြစ်တဲ့ထိ ဆန္ဒပြမှုတွေ ပြင်းထန်လာတဲ့နောက် ကျောင်းတွေ ပိတ်ထားရ

လူ့အသက်တွေ ဆုံးရှုံးတဲ့ထိ ကြမ်းတမ်းပြင်းထန်ခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေအပြီး ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပိတ်ထားလိုက်ရပါတယ်။

လုပ်ခလစာ ကောင်းမွန်တဲ့ အစိုးရ အလုပ်အကိုင်တွေနဲ့ ပတ်သက်လို့ သီးသန့်ခွဲတမ်း သတ်မှတ်မယ့် အချက်ကို မကျေနပ်လို့ ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ကျောင်းသား လူငယ်တွေက ဆန္ဒပြကြရာက အဲဒီစနစ် ထောက်ခံသူတွေနဲ့ ကိုယ်ထိလက်ရောက် ခိုက်ရန် ဖြစ်ပွားမှုတွေ ပေါ်ပေါက်လာတာပါ။ ပြီးတော့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့လည်း ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းကစလို့ ဒါကာမြို့တော်နဲ့ တချို့မြို့ကြီးတွေမှာ စုဝေးဆန္ဒပြမှုတွေ အားကောင်းလာသလို အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ အခုဆိုရင် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲတွေမှာ သေဆုံးသူ ၆ ဦးထက်မနည်း ရှိခဲ့ပြီးပါပြီ။

ခွဲတမ်း သတ်မှတ်ချက်တွေမှာတော့ တချို့အလုပ်အကိုင် နေရာတွေကို အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ၊ လူနည်းစု တိုင်းရင်းသား အနွယ်ဝင်တွေကို ဦးစားပေးရမယ်လို့ ကန့်သတ်ထားပါတယ်။ တချို့ အလုပ်နေရာတွေကိုတော့ နိုင်ငံရဲ့ တိုက်ပွဲဝင် သူရဲကောင်းလို့ သတ်မှတ်ထားတဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေအတွက် လျာထားပါတယ်။ ၁၉၇၁ ခုနှစ်တုန်းက ပါကစ္စတန် နိုင်ငံကနေ ခွဲထွက်တဲ့ လွတ်လပ်ရေး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေက အဲဒီ သီးသန့် အခွင့်အရေးကို ခံစားပိုင်ခွင့် ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါကာ ဒေသခံ တချို့ကတော့ တက္ကသိုလ် ကျောင်းသားတွေနဲ့ ဆန့်ကျင်ဖက် အင်အားစုတွေဟာ တုတ်တွေ၊ အုတ်ခဲတွေနဲ့ အချင်းချင်း တိုက်ခိုက်ကြပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေ ပစ်ခတ်ရင်း လူစုခွဲဖို့ ကြိုးစားခဲ့တာ တွေ့ခဲ့ကြောင်း ပြောပါတယ်။ ဆန္ဒပြ ကျောင်းသား သမဂ္ဂတွေက ရဲတွေရဲ့ ဖြိုခွင်းမှုနဲ့ နှစ်ဖက် ခိုက်ရန်ဖြစ်ပွားမှုတွေအကြောင့် ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဆန္ဒပြ ကျောင်းသားတွေက အစိုးရ အလုပ်တွေရဲ့ ၃၀ ရာခိုင်နှုန်းကို သီးခြား အခွင့်အရေး ပေးရမယ့် လူတန်းစားတွေအတွက် ဖယ်ချန်ထားတဲ့ ကိစ္စဟာ အဓိပ္ပါယ် ကင်းမဲ့သလို တရားမျှတမှုလည်း မရှိတာကြောင့် ပယ်ဖျက်ပေးဖို့ တောင်းဆိုကြတာပါ။ အဲဒီစနစ် ကျင့်သုံးမှုကို ၂၀၁၈ မှာ ရပ်နားထားခဲ့ပေမယ့်လည်း တရားရုံး ဆုံးဖြတ်ချက် တစ်ခုကြောင့် ပြန်လည် အသက်သွင်း ကျင့်သုံးခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်မှာတော့ အစိုးရ အလုပ်အကိုင် ရာထူးတွေဟာ လုပ်ခလစာ ကောင်းမွန်ပြီး မက်မောလောက်စရာ အခွင့်အရေးလိုမျိုး ဖြစ်နေပါတယ်။ တစ်ဖက်မှာတော့ အလုပ်အကိုင် နေရာ စုစုပေါင်းရဲ့ ထက်ဝက်လောက်ဟာ ခန့်အပ်မှု အပိုင်းမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ အခြေအနေတွေ တွေ့နေရတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အထူးသဖြင့် နှစ်ဆန်းပိုင်းတုန်းက လေးကြိမ်ဆက်အဖြစ် ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ အစိုးရကို ထောက်ခံ အားပေးတဲ့ အစုအဖွဲ့တွေရဲ့ သားသမီးတွေဆိုရင် အစိုးရ အလုပ်အကိုင်တွေ ရရှိဖို့ အခွင့်အလမ်း ပိုကောင်းတဲ့ ဘက်လိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အရေး စောင့်ကြည့်သူတွေက ဝေဖန်ထားကြပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။