Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ အနိုင်ရစေမယ်လို့ ရန်ပုံငွေ ထောက်ပံ့သူတွေကို ဘိုင်ဒန် ကတိပေး

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ၂၀၂၄ ရွေးကောက်ပွဲအတွက် ပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်နဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးရာမှာ အတော်လေး စိတ်ပျက်စရာ နိမ့်ပါးမှုတွေနဲ့ ကြုံတွေ့ခဲ့တဲ့နောက် သူ့ရဲ့ ရွေးကောက်ပွဲ နိုင်ခြေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ဘိုင်ဒန်က အခုလို ကတိပေးခဲ့တာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရစေမယ်လို့ ရန်ပုံငွေ ထောက်ပံ့သူတွေကို ဘိုင်ဒန် ကတိပေး
ရွေးကောက်ပွဲမှာ အနိုင်ရစေမယ်လို့ ရန်ပုံငွေ ထောက်ပံ့သူတွေကို ဘိုင်ဒန် ကတိပေး

ရွေးကောက်ပွဲမှာ ကျိန်းသေပေါက် အနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေဆဲလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရန်ပုံငွေ ထောက်ပံ့သူတွေကို အာမခံ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ၂၀၂၄ ရွေးကောက်ပွဲအတွက် ပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်နဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးရာမှာ အတော်လေး စိတ်ပျက်စရာ နိမ့်ပါးမှုတွေနဲ့ ကြုံတွေ့ခဲ့တဲ့နောက် သူ့ရဲ့ ရွေးကောက်ပွဲ နိုင်ခြေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ဘိုင်ဒန်က အခုလို ကတိပေးခဲ့တာပါ။

အသက် ၈၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘိုင်ဒန်ဟာ သူ့ရဲ့ အသက်အရွယ်ကြောင့် သမ္မတ တာဝန်ကို အင်တိုက်အားတိုက် ထမ်းဆောင်နိုင်စွမ်း လျော့ပါးနေပြီလို့လည်း ဝေဖန်မှုတွေ ခံနေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဘိုင်ဒန်ဟာ နယူးယောက်နဲ့ နယူးဂျာစီတို့မှာ ဒီမိုကရက်ပါတီအတွက် အဓိက ရန်ပုံငွေ ထောက်ပံ့သူတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတွေကို ဆက်တိုက် တက်ရောက်ရင်း ထောက်ခံမှုတွေကို ပြန်လည် စည်းရုံး သိမ်းသွင်းခဲ့တာ ဖြစ်ပါတယ်။

စကားစစ်ထိုးပွဲညဟာ သူ့အတွက် အရမ်းထူးခြားကောင်းမွန်တဲ့ အခြေအနေ မဟုတ်ခဲ့တာကို မငြင်းလိုကြောင်း၊ ဒါပေမဲ့ ထရမ့်အတွက်လည်း ကောင်းကွက်တွေ ပိုင်ဆိုင်သွားတာ မဟုတ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ သူက ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်ရမယ်ဆိုတာ ယုံကြည်ချက် အခိုင်အမာ ရှိနေဆဲဖြစ်ကြောင်းလည်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်ဟာ စကားစစ်ထိုးပွဲ အစောပိုင်း ကတည်းက ထရမ့်ရဲ့ မေးခွန်းထုတ်မှုတွေကို ထိထိရောက်ရောက် ဖြေဆိုနိုင်စွမ်း မရှိခဲ့သလို ပြိုင်ဘက်ကို တန်ပြန်ထိုးနှက်နိုင်မယ့် အခွင့်ကောင်းတွေကို လက်လွှတ်ခဲ့ရကြောင်း လေ့လာသူတွေက ထောက်ပြခဲ့ကြပါတယ်။ အတ္တလန္တာမြို့မှာ ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲ အဆုံးပိုင်းနားမှာ ဘိုင်ဒန်ရဲ့ အားရစရာ အခြေအနေတချို့ကို ပြန်မြင်လာရပေမယ့် ခြုံကြည့်ရင်တော့ သမ္မတရဲ့ အနေအထားက အတော်လေး ဆိုးခဲ့တဲ့သဘော ရှိပါတယ်။

တချို့ ဒီမိုကရက်တစ် အမတ်တွေက ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ထရမ့်ကို စိန်ခေါ်ဖို့အတွက် ဘိုင်ဒန်မဟုတ်တဲ့ တခြားသူ တစ်ယောက်ယောက်ကို ရွေးချယ်ဖို့ စဉ်းစားသင့်ပြီလို့တောင် တိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်ကတော့ ပါတီတစ်ခုလုံးဟာ သူ့ရဲ့နောက်မှာ မားမားရပ်ပြီး ဆက်လက် ထောက်ခံနေဆဲလို့ အပြည့်အဝ ယုံကြည်ကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။