Connect with us

Hi, what are you looking for?

သတင်း

AAတိုက်လို့ထွက်ပြေးတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေရဲ့လှေ နှစ်စီးကို ဘင်္ဂလားဒေ့ရှ် ဘက်ကအဝင်မခံတာ​ကြောင့်နတ်မြစ်ထဲ​ပိတ်မိ​နေ

BGBဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် နတ်မြစ်တကြောမှာ ကင်းလှည့်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

(ဘင်္ဂလားဒေ့ရှ် နယ်ခြား​စောင့်တပ်ဖွဲ့စက်​လှေ နဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ခွင့်မရပဲ စက်​လှေနှစ်စီးနဲ့ နတ်မြစ်ထဲ ​​​လှေ ၂ စီးနဲ့မျော​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-DBC 24/7)
(ဘင်္ဂလားဒေ့ရှ် နယ်ခြား​စောင့်တပ်ဖွဲ့စက်​လှေ နဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ခွင့်မရပဲ စက်​လှေနှစ်စီးနဲ့ နတ်မြစ်ထဲ ​​​လှေ ၂ စီးနဲ့မျော​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-DBC 24/7)

-People’s Spring

တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက် ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မြန်မာ နယ်ခြားစောင့်တပ် (BGP)ရဲ့ လှေနှစ်စီးကို နတ်မြစ်ထဲမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က ဟန့်တားထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခ တပ်တော် (AA)နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် BGP အဖွဲ့ဝင်တွေနဲ့ တခြား စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ဖြတ်သန်းဝင်ရောက် ခိုလှုံခဲ့ကြကြောင်း BGBက ထုတ်ပြန်ထားပါတယ်။ အဲဒီအတွက်လည်း နတ်မြစ်အပါ

အဝင် နယ်စပ်တလျှောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က လုံခြုံရေး တင်းကျပ်ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီရဲ့နယ်ခြား​စောင့် တပ်ဖွဲ့ဝင်တွေနဲ့ တခြား စစ်ကောင်စီ အဖွဲ့သားတွေ စုစုပေါင်း တစ်ရာ​ကျော်လိုက်ပါလာတယ်လို့ ယူဆရတဲ့ သစ်သားလှေ နှစ်စီးဟာ ဇူလိုင်လ ၁၄ ရက်နေ့ထိ နတ်မြစ်ထဲမှာပဲ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်ကို ကမ်းကပ်ခွင့် မရသေးဘူးလို့ ဆိုပါတယ်။

အဲဒီလှေတွေကို တက်ခ်နက်ဖ်ဒေသနဲ့ မြန်မာဖက်ခြမ်း ဆက်သွယ်ရာ ဂျာလီပါရာ နယ်ခြားဂိတ်နားမှာ ကြားဖြတ် တားဆီးထားခဲ့တာ ဖြစ်ပါတယ်။

အမည်ဖော်မပြတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိ တစ်ဦးက စစ်​ကောင်စီရဲ့နယ်ခြား​စောင့်တပ်ဖွဲ့ဝင် ရာဂဏန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ဝင်ရောက်ခွင့် မရဘဲ သစ်သားလှေ နှစ်စီးနဲ့အတူ နတ်မြစ်အလယ်မှာ ပိတ်မိနေတယ် ဆိုတာကို သီးခြား အတည်ပြုခဲ့ပါတယ်။

(ဘင်္ဂလားဒေ့ရှ် နယ်ခြား​စောင့်တပ်ဖွဲ့စက်​လှေ နဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ခွင့်မရပဲ စက်​လှေနှစ်စီးနဲ့ နတ်မြစ်ထဲ ​​​လှေ ၂ စီးနဲ့မျော​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-DBC 24/7)
(ဘင်္ဂလားဒေ့ရှ် နယ်ခြား​စောင့်တပ်ဖွဲ့စက်​လှေ နဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ခွင့်မရပဲ စက်​လှေနှစ်စီးနဲ့ နတ်မြစ်ထဲ ​​​လှေ ၂ စီးနဲ့မျော​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-DBC 24/7)

ဘင်္ဂလားဒေ့ရှ် သတင်းဌာနဖြစ်တဲ့ DBC 24/7 သတင်းဌာနက​တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကအဝင်မခံလို့ နတ်မြစ်အတွင်း ထွက်​ပြေးရင်း ပိတ်မိ​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေဟာ ၆၀ ​ကျော်ရှိတယ်လို့ ရုပ်သံနဲ့တကွ​ဖော်ပြပါတယ်။

BGBဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် နတ်မြစ်တကြောမှာ ကင်းလှည့်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

(ဘင်္ဂလားဒေ့ရှ် နယ်ခြား​စောင့်တပ်ဖွဲ့စက်​လှေ နဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ခွင့်မရပဲ စက်​လှေနှစ်စီးနဲ့ နတ်မြစ်ထဲ ​​​လှေ ၂ စီးနဲ့မျော​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-DBC 24/7)
(ဘင်္ဂလားဒေ့ရှ် နယ်ခြား​စောင့်တပ်ဖွဲ့စက်​လှေ နဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ခွင့်မရပဲ စက်​လှေနှစ်စီးနဲ့ နတ်မြစ်ထဲ ​​​လှေ ၂ စီးနဲ့မျော​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-DBC 24/7)

တက်ခ်နက်ဖ်မှာရှိတဲ့ မျက်မြင်တချို့ကတော့ မြန်မာဖက်ခြမ်းက လှေဆိပ်တွေမှာ မီးခိုးလုံးတွေ အူထွက်နေတာကို အဝေးကနေ လှမ်းမြင်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နယ်စပ်တကြောမှာ ပေါက်ကွဲသံတွေ ဆက်တိုက်လိုလို ပြန်ပြီး ကြားနေရကြောင်း၊ နယ်ခြား​စောင့်တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ဖက် ထွက်​ပြေးခိုလှုံနိုင်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေကြောင်း ပြောကြားခဲ့ပါတယ်။

စစ်​ကောင်စီနယ်ခြား​စောင့်တပ်တွေသာ မကဘဲ တိုက်ပွဲဇုန်နဲ့ နီးစပ်ရာ ရိုဟင်ဂျာ ကျေးရွာတချို့က ဒေသခံတွေလည်း ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ထွက်ပြေးခိုလှုံဖို့ အားထုတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

BGBရဲ့ တက်ခ်နက်ဖ် အခြေစိုက် တပ်မမှူး ဒုတိယ ဗိုလ်မှူးကြီး မိုဟာမက် အူဒင် အာမက်က နယ်စပ် တစ်ဖက်ခြမ်းမှာ သေနတ်သံတွေ ဆက်တိုက် ဆူဆူညံညံ ကြားနေရတဲ့နောက် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်မှုတွေ ရှိလာခဲ့ပြီး အဲဒီအခြေအနေကို တားဆီးဖို့ လက်အောက်ခံ တပ်တွေကို အမြင့်ဆုံး တပ်လှန့်ထားကြောင်း အတည်ပြုသွားပါတယ်။

AA ကရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်မှုကို အရှိန်မြှင့်လိုက်ပြီးတဲ့​နောက်မှာ ​​မောင်​တော၊ ဘူးသီး​တောင် ​ဒေသက နယ်စပ်စခန်း​တွေက စစ်​ကောင်စီတပ်ဖွဲ့ဝင် ရာ​ပေါင်းများစွာဟာဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကိုထွက်​ပြေးကြတဲ့ဘအတွက်ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း အကြိမ်းကြိမ်လက်ခံပြီး မြန်မာနိုင်ငံဘက်ကို ပြန်ပို့​ပေး​နေရပါတယ်။

ကိုးကား – Dhaka Tribune

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။