Connect with us

Hi, what are you looking for?

သတင်း

မြို့ပေါ်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ သံတိုင်ကြားက လွတ်မြောက်လာတဲ့ မြန်မာသံအဆိုတော်

တသသတို့တတွေ အချုပ်အပြင်ရောက်တဲ့အချိန်မှာလည်း စစ်ကောင်စီက ဒရုန်းနဲ့ရော လေယာဥ်နဲ့ပါ လိုက်အပစ်ခံရလို့ အဖွဲ့သားတစ်ယောက် ခြေထောက်ထိသွားခဲ့တယ်လို့ တသသက ဆိုပါတယ်။

(အချုပ်ကနေလွတ်ပြီး စစ်ရှောင်ရင်း အမှတ်တရဓာတ်ပုံရိုက်ထားတဲ့ အဆိုတော်တသသ။ ဓာတ်ပုံ - တသသ Facebook)
(အချုပ်ကနေလွတ်ပြီး စစ်ရှောင်ရင်း အမှတ်တရဓာတ်ပုံရိုက်ထားတဲ့ အဆိုတော်တသသ။ ဓာတ်ပုံ - တသသ Facebook)

စဥ့်ကူးရဲစခန်းက အချုပ်သားတွေကိုလက်ထိပ်ခတ်ထားပြီး ထွက်ပြေးသွားတာလို့ တေးသံရှင် တသသပြော

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေချိန် စဥ့်ကူးရဲစခန်းထဲမှာ အချုပ်ကျနေတဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် တသသဟာ အချုပ်ခန်းထဲကနေလွတ်မြောက်ခဲ့ပါတယ်။

ဇူလိုင်ပထမပတ်အတွင်းက စဥ့်ကူးမြို့ပေါ်မှာ စတင်ပစ်ခတ်မှုတွေရှိလာချိန် စဥ့်ကူးရဲစခန်းထဲက အချုပ်သားတွေကို လက်ထိပ်ခတ်ပြီး ဧရာဝတီမြစ်တဖက်ကမ်း ရွှေဘိုမြို့နယ်၊ မခေါက်ရွာက ပျူစောထီးစခန်းကို ယာယီ ပို့ခဲ့ပါတယ်။

အဲဒီလိုအပို့ခံရတဲ့ အချုပ်သားတွေထဲမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် တရားစွဲခံရပြီး စဥ့်ကူးမြို့မရဲစခန်းမှာ အချုပ်ကျနေတဲ့ မြန်မာသံ အမျိုးသမီးအဆိုတော် တသသလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

“စဉ်ကူးမှာတိုက်ပွဲ၂ကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ်ဖြစ်တော့ ကျွန်မတို့ကိုအချုပ်ကထုတ်ပြီးလက်ထိပ်ခတ်၊ မခေါက်ရွာဘက်၇ရက်ထားပါတယ်။ ၅ရက် ၆ရက်အထိ လက်ထိပ်ဖြုတ်မပေးပါဘူး။ လက်ထိပ်ခပ်ရတ် အိပ်ခဲ့ရတယ်။ ကျွန်မနဲ့အတူအချုပ်သားမိန်းကလေးပါတယ်။ ကျား၆ယောက်ပါတယ်။”လို့ အဆိုတော်တသသက လူမှုကွန်ရက်မှာ ရေးသားပါတယ်။

အဲဒီနောက် တစ်ပတ်ခန့်အကြာ တသသအပါအဝင် အချုပ်သားတွေကို စဥ့်ကူးမြို့သို့ပြန်ပို့ခဲ့ပါတယ်။ ပြန်ပို့အပြီး ၃ရက်မြောက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားပါတယ်။ အဲဒီအချိန်မှာ စဥ့်ကူးရဲစခန်းက ရဲတွေဟာ အချုပ်သားတွေကို သော့ခတ်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ တသတသက ဆိုပါတယ်။

“စဉ်ကူးအချုပ်ပြန်ရောက်လို့ ၃ရက်မြောက်မှာ တိုက်ပွဲပြန်စဖြစ်တယ်။ စဉ်ကူးရဲစခန်းကရဲတွေအကုန်ထွက်ပြေးကြတယ်။ ကျွန်မတို့အချုပ်သားတွေကို သော့ခတ်ပြီး ပစ်ထားခဲ့ပါတယ်။ ထမင်း၂ရက်မစားရဘူး။ လေယာဉ်တွေ ဒုံးတွေနဲ့ဗုံးကျဲတယ်။ ကျွန်မတို့အသက်ကို ကျွန်မ မန်နေဂျာနဲ့ အဖွဲစီးတချို့က ပစ်ခက်ကြားကနေ အချုပ်ခန်းသော့ကိုရိုက်ဖျက်ပြီး လာကယ်ပေးခဲ့ပါတယ်။”လို့ စဥ့်ကူးရဲစခန်းအချုပ်ကနေလွတ်မြောက်ခဲ့တဲ့ အဆိုတော်တသသက လူမှုကွန်ရက်မှာ ရေးသားပါတယ်။

ဒါပေမယ့် အဆိုတော်တသသဟာ အချုပ်ဖောက်ပြီး ပြေးတာမဟုတ်ဘဲ စဉ်ကူးရဲစခန်းကရဲတွေက အချုပ်သားတွေကိုသော့ခတ်ထွတ်ပြေးသွားကြတာကြောင့် အသက်ရှင်သန်ရေးအတွက် ဗုံးကြဲနေတဲ့ကြားက ထွက်လာခဲ့ခြင်းသာဖြစ်ကြောင်း သူမကရေးသားပါတယ်။

“ကျွန်မကိုတရားခံပြေးလို့ထင်မှာဆိုးလို့ တင်ရခြင်းသာဖြစ်ပါသည်။ စဉ့်ကူးရဲတပ်ဖွဲဝင်များသည် စဉ့်ကူးရဲစခန်းထဲချုပ်ထားတဲ့အချုပ်သားတွေကို သောခက်ပစ်ထားခဲ့ပြီးအရင်ထွက် ပြေးခြင်းသာဖြစ်ပါတယ်။”လို့ အဆိုတော်တသသက ဆိုပါတယ်။

တသသတို့တတွေ အချုပ်အပြင်ရောက်တဲ့အချိန်မှာလည်း စစ်ကောင်စီက ဒရုန်းနဲ့ရော လေယာဥ်နဲ့ပါ လိုက်အပစ်ခံရလို့ အဖွဲ့သားတစ်ယောက် ခြေထောက်ထိသွားခဲ့တယ်လို့ တသသက ဆိုပါတယ်။

လမ်းကြောပြန်ပွင့်ပါက တရားဥပဒေအရ ရင်ဆိုင်မယ်လို့ သူက ဆိုပါတယ်။

“ဒီအမှုနဲ့ပက်သက်လို့ရော ကျွန်မ လမ်းတွေပြန်ဖွင့်တာနဲ့ တရားဥပဒေအရရင်ဆိုင်ဖြေရှင်းသွားမှာပါ။ အခုသွားလို့ရအခုသွားရင်ဆိုင်ပါတယ်ရှင့်။ ဒါမှမဟုတ် ကျွန်မရှိတဲ့နေရာကို လာဖမ်းမယ်ဆိုရင်လည်းကျွန်မအဖမ်းခံပါမယ်။”လို့ တသသက ရေးသားထားပါတယ်။

ဒါ့အပြင် သူ့ကို တရားစွဲထားတဲ့ စဉ့်ကူးတရားရုံးလည်းမရှိ့တော့သလို သက်သေခံပစ္စည်းတွေလည်းမရှိတော့ဘူးလို့ သူကဆိုပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့တိုက်ပွဲကြောင့် ပျက်စီးသွားတာကိုဆိုလိုတာပါ။

စဉ့်ကူးမြို့နယ်အတွင်းမှာ မန္တလေး PDFနဲ့ ပူးပေါင်းတပ်တွေက ရွှေပြည်ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်းနှင့် ပင်လယ်ကြီး တပ်စခန်းများအပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ သိမ်းပိုက်ရရှိထားပါတယ်။ လက်ရှိလည်း စဥ့်ကူးမြို့ကို သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပြီး အတည်မပြုနိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော