Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာစီးတီးမှာ ပါလက်စတိုင်း ၄၀ နီးပါးသေဆုံး

အစ္စရေး စစ်တပ်ကတော့ လေတပ် တိုက်လေယာဉ်တွေဟာ ဟားမားစ်တွေရဲ့ အခြေခံ အဆောက်အအုံ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာစီးတီးမှာ ပါလက်စတိုင်း ၄၀ နီးပါးသေဆုံး
အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာစီးတီးမှာ ပါလက်စတိုင်း ၄၀ နီးပါးသေဆုံး

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဂါဇာစီးတီးမှာ ပါလက်စတိုင်း ၄၀ နီးပါး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသ မြောက်ပိုင်းမှာရှိတဲ့ ဂါဇာစီးတီးမှာ လူနေ အဆောက်အအုံတွေကို အစ္စရေးက အခုသီတင်းပတ်ကုန်မှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ပြီး အရပ်သား အသေအပျောက် အများအပြား ဖြစ်ပေါ်ခဲ့တာလို့ ဟားမားစ် ပြောက်ကျားတွေရဲ့ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အစ္စရေး စစ်တပ်ကတော့ လေတပ် တိုက်လေယာဉ်တွေဟာ ဟားမားစ်တွေရဲ့ အခြေခံ အဆောက်အအုံ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

ပါလက်စတိုင်း လူမှုရေး လှုပ်ရှားသူ တစ်ဦးကတော့ အစ္စရေး လေကြောင်းတိုက်ခိုက်မှု တစ်ခုဟာ ဂါဇာရဲ့ ဒုက္ခသည် စခန်းဇုန်တွေထဲက တစ်ခုဖြစ်တဲ့ အယ်လ်ရှီရတ် ဒေသထဲက အဆောက်အအုံ တစ်ခုကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ ဟားမားစ်တွေ စီမံထိန်းချုပ်ထားတဲ့ ဂါဇာ အုပ်ချုပ်ရေး ဌာနက နောက်ထပ် လေကြောင်းတိုက်ခိုက်မှုဟာ အယ်လ်တူဖာ ဒေသထဲက အဆောက်အအုံတွေကို ပျက်စီးစေခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၃၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့လည်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေအပြီး မှတ်တမ်း ဗီဒီယိုတွေမှာတော့ ဒဏ်ရာရထားသူတွေကို တခြားသူတွေက သယ်ထုတ်နေတာ၊ အပျက်အစီးတွေအောက် ပိမိနေသူတွေကို အပြေးအလွှား လိုက်ရှာနေတာတွေကို တွေ့ခဲ့ရပါတယ်။

ဂါဇာ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးကတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပေါက်ကွဲခဲ့တာတွေက ငလျင်လှုပ်သလို သိမ့်သိမ့်တုန်ခါသွားစေတယ်လို့ ပြောကြားခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှု ခံရတဲ့ ဧရိယာ တစ်ခုလုံး ညက်ညက်ကျေသွားကြောင်း၊ အပျက်အစီးတွေအောက်မှာ မိသားစုလိုက် ပိတ်မိနေသူတွေ ကျန်နေဆဲဖြစ်ကြောင်း သူက ဆိုပါတယ်။

ဂါဇာမှာ အစ္စရေးစစ်ပွဲ စတင်ချိန် ကတည်းက အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း ၃၈၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီ ကိန်းဂဏန်းတွေထဲမှာ အရပ်သားနဲ့ ဟားမားစ် အဖွဲ့သားတွေ ရောနှောနေနိုင်ပေမယ့် ဧပြီလကုန်ထိ စာရင်းတွေအရ ၁၄၆၈၀ ဦးဟာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ သေဆုံးမှု ဖြစ်တယ်ဆိုတာ ထုတ်နုတ် အတည်ပြုထားနိုင်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။