Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့မဈေး လူစည်ကားချိန် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရပ်သား အများအပြားသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မဈေးအတွင်း လူစည်ကားနေချိန် ယနေ့(ဇူလိုင် ၁၈) ညနေ ၅နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားထိခိုက်သေဆုံးမှုများပြားကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့မဈေး ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မဈေးအတွင်း လူစည်ကားနေချိန် ယနေ့(ဇူလိုင် ၁၈) ညနေ ၅နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားထိခိုက်သေဆုံးမှုများပြားကြောင်း သတင်းရရှိသည်။

” မြို့မစျေးကို Y12 လေယာဉ်နဲ့ ကြဲသွားတာ။အရေးပေါ်ကာလမို့လို့ ဒေသခံတွေက ဈေးဝယ်ထွက်နေတဲ့အချိန် ပစ်ချသွားတာ။ ၂၀ ဦးလောက် သေတယ်လို့ သိရပါတယ်။ သေဆုံးသူတွေကောဒဏ်ရာသူတွေကိုပါ ဆေးရုံကိုခေါ်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့မဈေး ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက်နှင့် အသေးစိတ် အခြေအနေကိုမူ မသိရှိရသေးပေ။

လေကြောင်းမှ တိုက်ခိုက်ခံရသည့် မြို့မစျေးမှာ အပျက်အစီးအလွန်များသည်ကို ထွက်ပေါ်လာသည့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

” သေဆုံးသူတွေထဲမှာ လူငယ်တွေ၊ မိသားစုကို ရှာဖွေအလုပ်အကျွေးပြုနေတဲ့ မိခင်၊ ဖခင်၊ သားသမီးကောင်းရတနာတွေ ပါဝင်ပါတယ်။ အင်မတန်မှ ဝမ်းနည်းထိခိုက်နာကျည်းရပါတယ်ဗျာ”ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့မဈေး ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

စစ်ကောင်စီသည် ဇူလိုင် ၁၁ရက် ညပိုင်းကလည်း သိန္နီမြို့အထက်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ရာ ကျောင်းဆောင်ပြိုကျပျက်စီးသွားခဲ့သည်။

သိန္နီမြို့သည် ပြည်ထောင်စုလမ်းမအတိုင်း လားရှိုးမြို့နှင့် တဆက်တည်းရှိပြီး ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတွင် စစ်ကောင်စီစခန်းများကို ကိုးကန့်တပ်မတော်(MNDAA)က တိုက်ခိုက် သိမ်းပိုက်ပြီး ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook