Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်ဒေသရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဟု KIA အသိပေး

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများအတွင်း ဆေးရုံဆေးပေးခန်းမရှိသေးသည့် ကျေးရွာ၊ မြို့များမှ ပြည်သူများကို တစ်လလျင် အနည်းဆုံးတစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA ထိန်းချုပ်ဒေသတနေရာတွင် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသဉ်။ ဓာတ်ပုံ - The Kachin Net

စစ်ကောင်စီတပ် ထွက်ပြေးသွားသည့် ဆွမ်ပရာဘွမ်မြို့ကို ဇူလိုင် ၁၇ရက်မှစ၍ အချိန်ပိုင်း လျှပ်စစ်မီးပေး

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများအတွင်း ဆေးရုံဆေးပေးခန်းမရှိသေးသည့် ကျေးရွာ၊ မြို့များမှ ပြည်သူများကို တစ်လလျင် အနည်းဆုံးတစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIOအစိုးရ ကျန်းမာရေးဝန်ထမ်းများက မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ ကျေးရွာများမှ ပြည်သူများနှင့် စစ်ရှောင်များကို လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့် အခြေအနေ သတင်းဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေအနေ အမျိုးမျိုးကြောင့် ဆေးရုံ ဆေးပေးခန်း ဖွင့်လှစ်နိုင်သေးခြင်းမရှိသေးသည့် ဒေါ့ဖုန်းယန်၊ နားလုံ၊ ကုန်းလော၊ မြို့သစ် စသည့် မြို့ရွာများနှင့် အနီးတဝိုက်ကျေးရွာများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း ဖော်ပြသည်။

ကျန်းမာရေးစောင့်ရှောက်မှုကို KIOအစိုးရ စစ်ရှောင်ကူညီစောင့်ရှောက်ရေး အသင်းက ငွေကြေးဆေးဝါးထောက်ပံ့မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ပြည်သူရှိရာ သွားရောက်ကာ ကျန်းမာရေး စစ်ဆေးပေးကာ ဆေးဝါးများ ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

ဆေးရုံဆေးပေးခန်းမရှိသည့် ဒေသများကို အနည်းဆုံး တစ်လ တစ်ကြိမ်ပြုလုပ်ပေးမည်ဟုလည်း အသိပေးသည်။

ထို့ပြင် KIO/KIA သိမ်းပိုက်ထိန်းချုပ်ထားသည့် ဆွမ်ပရာမြို့ရှိ လျှပ်စစ်ရုံးတွင် ဇူလိုင် ၁၇ရက်က လျှပ်စစ်မီးပေးသည့် အခမ်းအနား ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ဆွမ်ပရာဘွမ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်နှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများ ထွက်ပြေးသွားရာ KIOက လျှပ်စစ်မီး ပြန်လည်ရရှိအောင် ဆောင်ရွက်ကာ ည ၇နာရီမှ ၁၀နာရီအထိ အချိန်ပိုင်း မီးပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရေအားလျှပ်စစ် စီမံကိန်းများ ဆက်လုပ်သွားမည်ဟုလည်း KIO သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

KIO/KIA ပူးပေါင်းတပ်များသည် ယခုနှစ် မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ပြီး မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော်-လွယ်ဂျယ်လမ်း ၊ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်မြို့နယ်၊ လိုင်ဇာအနီးဒေသများ၊ မိုးမောက် ၊ ဗန်းမော်၊ တနိုင်း၊ ဖားကန့်၊ မံစီ စသည့် ဒေသအများအပြားမှ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ကာ ဒေသနှင့် မြို့ရွာများကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ꩻ ဗန်းမော်မြို့ကို စစ်တပ်က အင်အား ၁၀၀၀ ကျော် ဖြည့်တင်းထားပြီး အများစုဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က မန္တလေးဘက်ကနေ အင်အားတွေ ဖြည့်တင်းထားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook