Connect with us

Hi, what are you looking for?

သတင်း

မြန်မာသို့ စစ်လက်နက်လွှဲပြောင်းရောင်းချခွင့်အမိန့် တောင်အာဖရိက တရားရုံးချုပ် ပယ်ဖျက်

တောင်အာဖရိကနိုင်ငံ Gauteng ခရိုင်တရားရုံးချုပ်က မြန်မာနိုင်ငံသို့ စစ်လက်နက်လွှဲပြောင်းရောင်းချမှုများ လုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များအား ပယ်ဖျက်လိုက်ကြောင်း သိရသည်။

၂၀၂၁ တရားမဝင် စစ်အာဏာသိမ်းမှုအစောပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြ ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော အစိုးရအပြောင်းအလဲ လုပ်ဆောင်ထားမှုက အကြောင်းရင်းအဖြစ်ပါဝင်

အီယိုရီ/People’s Spring

တောင်အာဖရိကနိုင်ငံ Gauteng ခရိုင်တရားရုံးချုပ်က မြန်မာနိုင်ငံသို့ စစ်လက်နက်လွှဲပြောင်းရောင်းချမှုများ လုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များအား ပယ်ဖျက်လိုက်ကြောင်း သိရသည်။

အဆိုပါပယ်ဖျက်မိန့်ကို ဇူလိုင် ၁၉ ရက်တွင် တောင်ပိုင်းအာဖရိကတရားရေးစင်တာ(SALC)က လက်ခံရရှိခဲ့ပြီး ပယ်ဖျက်ရသည့်အကြောင်းရင်းမှာ (၁)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော အစိုးရအပြောင်းအလဲကို လုပ်ဆောင်ထားသည့်၊ (၂) အထူးကိုယ်စားလှယ်၊ လွတ်လပ်အမှီအခို ကင်းသော ကျွမ်းကျင်သူ သို့မဟုတ် ကုလသမဂ္ဂ၏ အပ်နှင်းအာဏာဖြင့် လုပ်ဆောင်နေသည့်အခြားပုဂ္ဂိုလ်တို့က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားသည်ဟု ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထားရသည့် နိုင်ငံတစ်ခုသို့ စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန် တာဝန်တစ်ရပ်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါပယ်ဖျက်အမိန့်သည် တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ နောင်လက်နက်ရောင်းချမှုမှန်သမျှ အတွက် သာမက အခြားနိုင်ငံအများအပြားကိုပါ လက်ငင်းအကျိုးဆက်များ ရှိလာမည်ဖြစ်ရာ SALC နှင့် LHR(လူ့အခွင့်အရေးဆိုင်ရာရှေ့နေ့များ) အဖွဲ့တို့နှင့်အတူ Justice For Myanmarက ကြိုဆိုကြောင်း ယမန်နေ့(ဇူလိုင် ၂၁ ရက်)တွင် ထုတ်ပြန်သည်။ JFM သည် မြန်မာနိုင်ငံသို့ စစ်လက်နက်ရောင်းချမှုများ ပိတ်ပင်ရေးလုပ်ဆောင်နေသည့် တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းဖြစ်သည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်အာဏာသိမ်းမှုရှိနေတဲ့ နိုင်ငံတစ်ခုဆီကို စစ်လက်နက်တင်ပို့တာတွေဟာ တရားမဝင်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ တာဝန်ယူ၊ တာဝန်ခံမှု ပိုမိုကောင်းမွန်တဲ့ စစ်လက်နက်ကုန်သွယ်ရေးစနစ်တစ်ရပ် ဖန်တီးဖော်ဆောင်ရာမှာ အခုအမိန့်က အရေးပါလှပါတယ်။ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေဟာ စစ်လက်နက်တင်ပို့မှုတွေအတွက် အထိန်းအကွပ်ဘောင်တွေ ဖြစ်တယ်ဆိုတာ ဒီအမိန့်က ပြသနေပါတယ်။ ပြစ်တင်ရှုတ်ချတယ်၊ စိုးရိမ်ပူပန်တယ်ဆိုတဲ့ စကားလုံးတွေ သက်သက်နဲ့တော့ မလုံလောက်ဘူးဆိုတာကို မြန်မာနိုင်ငံဥပမာက ပြသနေပါတယ်။ လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရာမှာ ဥပဒေကို ကျင့်သုံးဖို့၊ လိုအပ်ပါက ခွင့််ပြုမိန့်တွေကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ပယ်ဖျက်ဖို့ စတဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်”ဟု SALC ၏ နိုင်ငံတကာတရားမျှတရေးဌာန ခေါင်းဆောင်ဖြစ်သူ Dr Atilla Kisla က ပြောသည်။

တောင်အာဖရိကသည် မြန်မာနိုင်ငံသို့ ၂၀၁၇ မှ ၂၀၂၁ အတွင်း ရွန်ငွေ ၂၀၀ သန်းကျော်(အမေရိကန်ဒေါ်လာ ၁၂ သန်းနီးပါး)တန်ဖိုးရှိ စစ်လက်နက်များ တင်ပို့ခဲ့ကြောင်း SALC က ဖော်ပြသည်။ SALC သည် ၎င်း၏ တိုင်ကြားချက်ကို တရားရုံးချုပ်သို့ ၂၀၂၂ အောက်တိုဘာတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “တောင်အာဖရိက လက်နက်လွှဲပြောင်းရောင်းချမှုဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ အသက်ဝင်အောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

(၂၀၂၁ တရားမဝင် စစ်အာဏာသိမ်းမှုအစောပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြ ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ကြသည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

Facebook