Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် တိမ်းရှောင်နေရသည့် ကျေးရွာအချို့နေအိမ်များ ဖောက်ထွင်းခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ဒေသခံပြည်သူများ တိမ်းရှောင်နေရချိန် နေအိမ်များ ဖောက်ထွင်းခံရကြောင်း ဒေသခံများက ပြောသည်။

အင်ကြင်း/People’s Apring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ဒေသခံပြည်သူများ တိမ်းရှောင်နေရချိန် နေအိမ်များ ဖောက်ထွင်းခံရကြောင်း ဒေသခံများက ပြောသည်။

တောင်သာမြို့နယ် အရှေ့ခြမ်းရှိ ဇရပ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၅ရက်မှ ၁၇ ရက်အထိ ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ကျော် ပြာကျခဲ့ပြီး ဒေသခံပြည်သူ များမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

ကျေးရွာပြည်သူများထွက်ပြေးနေရချိန် နေအိမ်များအား ဖောက်ထွင်းခိုးယူမှုများရှိကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ က ပြောသည်။

အလားတူ PDF များ လာတိုက်မည်စိုး၍ တိမ်းရှောင်နေသော ဝါးကြီးအိုင်ပျူစောထီးကျေးရွာမှ နေအိမ်များလည်း ဖောက်ထွင်းခံနေရသည်ဟု သိရသည်။

“ဝါးကြီးအိုင်ပျူရွာက နေအိမ်တွေလည်း အဖောက်ခံရတယ်။ အကုန်လုံးတော်တော်များများပါသွားတယ်။”ဟု ဒေသခံများက ပြောသည်။

ဖောက်ထွင်းသူများတွင် တောင်သာမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သံတိုသံစရောင်းဝယ်သူအချို့လည်းပါဝင်သည်ဟု လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက ပြောသည်။

ဇူလိုင် ၁၅ ရက်မှ ၁၈ရက်အထိ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဝင်အများအပြား သေဆုံးကာ သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များ သတင်းထုတ် ပြန်ထားသည်။

(ဖောက်ထွင်းခံရသည့် ဇရပ်ကြီးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။