Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၆) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၆) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသတွင်း ကျေးရွာတစ်ရွာမှာ တော်လှန်လူထုရဲ့ ဦးဆောင်မှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပြည်သူတွေက “စစ်ကိုင်းတိုင်း စည်းစည်းလုံးလုံးနဲ့ စကစ ကို တွန်းလှန်ဖို့ အချိန်ရောက်ပြီ” ၊ “ပြည်သူ လှူထားသော လက်နက်နဲ့ ပြည်သူကို မခြိမ်းခြောက်နဲ့ စစ်ကောင်စီကိုသာ တိုက်ဖို့ အသုံးပြုပါ”လို့ ကြွေးကြော်ချီတက်ခဲ့ပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့အတူ ပူးပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ မြောက်ခြမ်းကျေးရွာများသပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်ကို ဆန့်ကျင်ရန် လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

မြင်းမူမြို့နယ်ရှိ ကျေးရွာမှာလည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက စစ်ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လှုံဆော်မှု လုပ်ငန်းစဥ်တွေ လုပ်ဆောင်နေပြီး ဗုံးခိုကျင်း တူးကြရန် အသိပညာပေးလှုံ့ဆော်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ မြန်မာနိုင်ငံတစ်ဝန်းအရှိန်အဟုန်နဲ့ တိုးမြင့်ထိုးစစ်ဆင်နေတဲ့ “၁၀၂၇စစ်ဆင်ရေး(ဒုတိယလှိုင်း)” အပေါ်ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေနဲ့အတူ လက်တွဲရပ်တည်လျက်ရှိသော အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်”၊ “မသောက်မိသော မိုးခါးရေများ” ရုပ်ရှင်ဇာတ်ကားတွေကို ပြသခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်ပြီး “ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” စာသားနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

“အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဖက်ဆစ်ဆန်ဆန် အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့နေအိမ်တွေကို နေ့စဥ်နဲ့မျှ မီးရှို့ဖျက်ဆီးနေခဲ့တယ်။ သို့သော် လူထုရဲ့ယုံကြည်မှုနဲ့ တော်လှန်လိုစိတ်ကိုတော့ မီးရှို့ဖျက်ဆီးလို့ရမှာ မဟုတ်ဘူး” ဟု DDMSC က ဆိုပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC၊ ကလေးမြို့လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။