Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားသုံးဦး ထပ်မံသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား ယနေ့ (ဇူလိုင် ၃၈ရက်)နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းအိပ်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သိန္နီမြို့ရှိ နေအိမ် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား ယနေ့ (ဇူလိုင် ၃၈ရက်)နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းအိပ်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

ယနေ့နံနက် ၂နာရီခန့်တွင် သိန္နီမြို့ရပ်ကွက်(၄) အတွင်း စစ်ကောင်စီက ကြဲချခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” ပေါင် ၅၀၀ ဗုံးလို့ ပြောတယ်။ နှစ်လုံးတောင်ဗျ။ ကျ‌တဲ့နေရာမှာ မြေကျင်းကြီးဖြစ်သွားတယ်။

ရွှေသိန္နီကားဂိတ်အိမ် ဘေးကိုကျတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေသိန္နီကားဂိတ်အိမ်တွင် မိသားစုဝင်ခုနစ်ဦးရှိပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။ ကျန်သူအချို့လည်း ဒဏ်ရာရရှိခဲ့ပြီး အသေးစိတ်ကို မသိရသေးပေ။

၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် လားရှိုးမြို့ရှိ စစ်ကောင်စီစခန်းများကို ကိုးကန့်တပ် MNDAAက တိုက်ခိုက်နေစဉ် MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်နှင့် သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည်။

စစ်ကောင်စီသည် ဇူလိုင် ၁၁ရက်ကလည်း သိန္နီမြို့အထက်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ရာ ကျောင်းပြိုကျပျက်စီးသွားခဲ့သည်။

ဇူလိုင် ၁၈ရက်တွင် Y 12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရှမ်းတိုင်းရင်းသားများ ဒီမီုကရေစီအဖွဲ့ချုပ်ပါတီ( SNLD)၏ သိန္နီမြို့နယ်၊တွဲဖက်အတွင်းရေးမှူး ဦးစိုင်းထွန်းကြည် အပါအဝင် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။