Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ယနေ့ (ဇူလိုင် ၂၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ယနေ့ (ဇူလိုင် ၂၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ဥက္ကဋ္ဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဋ္ဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မြင်းမူလူငယ်တွေ လက်တွဲကာ နွေဦးရုပ်ရှင်ပြပွဲနဲ့ စစ်ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဆောင်ရန် ၊ ရှောင်ရန်၊ ပြင်ဆင်ဆောင်ရွက်ရန်နဲ့ ဘူးသပိတ်တိုက်ပွဲ နည်းနာတွေကို အသိပညာပေး လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်၊ နောက်ပြန်လှည့်မကြည့်ကြေးဒီတော်လှန်ရေးသပိတ်တို့က စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း တော်လှန်ရေးနယ်မြေမှာလည်း ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျေးရွာ အတွင်းရှိ လူငယ်ထုနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

ယင်းလူငယ်ထုနဲ့တွေ့ဆုံပွဲမှာ တော်လှန်လူထုထဲမှ လူငယ်များရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရေးဆိုင်ရာအသိပညာတွေ ၊ တော်လှန်ရေးရုပ်ရှင်ပြသခြင်းတွေ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ မုံရွာလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။