Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင် စခန်းအပြင်ထွက်လာသည့် စစ်သားနှစ်ဦး တိုက်ခိုက်ခံရပြီး သေဆုံး

ဇူလိုင် ၂၆ ရက် နံနက် ၉နာရီခွဲခန့်က လောင်းလုံးနယ်၊ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှဆင်းလာသည့် စစ်ကောင်စီတပ် သားနှစ်ဦးကို လောင်းလုံး(ပကဖ)နှင့်ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသော လက်နက်များနှင့် လောင်းလုံး(ပကဖ)မှ ရဲဘော်နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - လောင်းလုံး - ပကဖ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တပ်စွဲထားသည့် အထိုင်စခန်းမှထွက်လာသော စစ်ကောင်စီတပ်သားနှစ်ဦးကို တိုက်ခိုက်ခဲ့ရာ သေဆုံးပြီး သေနတ်နှစ်လက်ရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၂၆ ရက် နံနက် ၉နာရီခွဲခန့်က လောင်းလုံးနယ်၊ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှဆင်းလာသည့် စစ်ကောင်စီတပ် သားနှစ်ဦးကို လောင်းလုံး(ပကဖ)နှင့်ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့က အသင့်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာပါ။ ရန်သူ့လှုပ်ရှားမှုကို အချိန်တိုင်းကျနော်တို့စောင့်ကြည့်နေတာပါ။ ကျနော်တို့ပြန်ဆုပ်လာတော့ ရန်သူဖက်က ရွာထဲမှာပြာယာခတ်နေပြီး လက်နက်ငယ်တွေပစ်ဖောက်တာ လက်နက်ကြီးတွေနဲ့ အနီးပတ်၀န်းကျင်တောအုပ်တွေထဲရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်”ဟု လောင်းလုံး(ပကဖ)မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် သားနှစ်ဦးလုံး သေဆုံးသွားပြီး ၎င်းတို့ထံမှ MA1တစ်လက်၊ MA3တစ်လက်၊ မက်ကဇင်း နှစ်ခုနှင့် ကျည် ၄၁တောင့် သိမ်းဆည်းရမိခဲ့သည်ဟု အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

ယင်းစစ်ရေးတိုက်ခိုက်မှုကို လောင်းလုံးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ လိပ်ပြာတပ်စု၊ တောသားလေးတပ်စု၊ ဂဠုန်တပ်စုနှင့် ထား၀ယ်ခရိုင်တပ်ရင်း(၁)မှ ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားသည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(ပကဖ)သည် ၂၀၂၄ ဇွန်လအထိ စစ်ဆင်ရေးပေါင်း ၂၄ခု လုပ်ဆောင်ထားပြီး မြို့ပေါ် စစ်ဆင်ရေး(ထားဝယ်+လောင်းလုံး) ၅ကြိမ် ၊ ဖြတ်တောက်စစ်ဆင်ရေး ၅ ကြိမ် ၊ ရေကြောင်းစစ်ဆင်ရေး၂ ကြိမ်၊ ရန်သူစခန်းများသို့ ထိုးစစ် စစ်ဆင်ရေး ၁၂ကြိမ် အသီးသီး ဖော်ဆောင် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။