Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၉)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၉)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တော်လှန်ရုပ်ရှင်ပြသခြင်းနဲ့ အထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ မြင်းမူလူငယ်အင်အားစုနဲ့ မုံရွာလူငယ်အင်အားစုတွေ ပူးပေါင်းကာ ဘူးသပိတ်အကြောင်း၊ လေကြောင်းမိုင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ တော်လှန်ရုပ်ရှင်ပြခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။

ဘုတလင်နဲ့ ကနီမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်မှာလည်း တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေက လူထုစည်းရုံးရေးစာတန်းတွေကို ချိတ်ဆွဲကာ ဆန္ဒပြခဲ့ပါတယ်။

တော်လှန်လူငယ်တွေက “တော်လှန်ရေး ဘယ်အချိန်ပြီးမလဲထက် ဘယ်လိုပြီးမလဲကို သေချာစဉ်းစားပါ”၊ “နွေဦးတော်လှန်ရေးဟာ အာဏာရှင် ကုသဆေးဆိုလျှင် ဖက်ဒရယ်ဟာ အာဏာရှင် ကာကွယ်ဆေးပါ”၊ “လူရယ်လို့ မွေးဖွားလာရုံဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို တန်းတူ ရပိုင်ခွင့်ရှိသည်”၊ “ပြည်သူဆိုတာ အစိုးရကို ရွေးရမည်၊ အစိုးရကို လွှမ်းမိုးနိုင်ရမည်၊ အစိုးရကို ဖြုတ်ချနိုင်ရမည်” စတဲ့ စာတန်းတွေကို ချိတ်ဆွဲခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ရန်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် လှုံဆော်ဆန္ဒပြခဲ့ပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် သပိတ်အဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ်ဖြစ်ပျက်နေပုံကို သိမြင်စေဖို့ “တပ်ပျက်နေပြီဟေ့” စာတန်း (ဗီနိုင်း) ကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ မုံရွာလူထုသပိတ်၊ စကြဝတြေးမင်းကြီးသပိတ်

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။