Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးမှာထိရောက်တဲ့ ချဉ်းကပ်မှုတွေနဲ့ ​အကူအညီပေးဖို့ အမေရိကန် အစိုးရကို အထက်လွှတ်တော် အမတ်တွေ တောင်းဆို

အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အစုအဖွဲ့ခေါင်းဆောင် မစ်ချ်မက်ကော်နဲလ် ဦးဆောင်ပြီး အဓိက ပါတီနှစ်ခုရဲ့ အမတ်တွေ စုပေါင်းထားတဲ့ သဘောထား အိတ်ဖွင့်ပေးစာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်၊ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အကြီးအကဲဆမန်သာ ပါဝါ တို့ဆီ လိပ်မူပြီး ဇူလိုင် ၂၉ ရက် ရက်စွဲနဲ့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

WASHINGTON, DC - MAY 24: Senate Minority Leader Mitch McConnell (R-KY) speaks to reporters after a closed-door lunch meeting with Senate Republicans at the U.S. Capitol May 24, 2022 in Washington, DC. McConnell fielded a range of questions, including about Taiwan, Iran and primary elections. Also pictured, L-R, Sen. Joni Ernst (R-IA), Sen. Rick Scott (R-FL), Sen. John Barrassso (R-WY) and Sen. Roy Blunt (R-MO). Drew Angerer/Getty Images/AFP (Photo by Drew Angerer / GETTY IMAGES NORTH AMERICA / Getty Images via AFP)

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အခြေအနေ စောင့်ကြည့်ပြီး လှုပ်ရှားတာထက် ကိုယ်တိုင်ကိုယ်ကျ ဖန်တီးယူတဲ့ proactive ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်ဖို့ အမေရိကန် အစိုးရကို အမေရိကန် အထက်လွှတ်တော် အမတ်တွေက အိတ်ဖွင့်ပေးစာ ရေးသား တောင်းဆိုခဲ့ပါတယ်။

အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အစုအဖွဲ့ခေါင်းဆောင် မစ်ချ်မက်ကော်နဲလ် ဦးဆောင်ပြီး အဓိက ပါတီနှစ်ခုရဲ့ အမတ်တွေ စုပေါင်းထားတဲ့ သဘောထား အိတ်ဖွင့်ပေးစာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်၊ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အကြီးအကဲဆမန်သာ ပါဝါ တို့ဆီ လိပ်မူပြီး ဇူလိုင် ၂၉ ရက် ရက်စွဲနဲ့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

လွတ်​တော်ကပြဌာန်းထားတဲ Burma Act ပါ non-lethal assistance ကို မလိုအပ်ပဲ ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုပြီး အကူအညီပေးရာတွင် နှောင့်နှေးနေ တာကြောင့် ​တော်လှန်​ရေး အင်အားစုတွေထံ အချိန်ကိုက်၊ ထိ​ရောက်တဲ့အကူအညီ ​ပေးရမယ့် အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုပါ နှောင့်နှေးစေတယ်လို့လည်း လွှတ်​တော်အမတ်​တွေက ​ထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆေးပစ္စည်းတွေ၊ ကျည်ကာတွေ၊ ကြိုတင်ကာကွယ်​ရေးအတွက် အချက်ပေးတဲ့ ရေဒါစနစ်၊ ဒရုန်းဖျက်စက်တွေ၊ စစ်ကောင်စီရဲ့ ISR ထောက်လှမ်းရေး ဒရုန်းကို တားဆီးဖို့ ဒရုန်းဖျက်တွေ ​ထောက်ပံ့ခြင်းအားဖြင့် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကနေ ​တော်လှန်​ရေးအင်အားစုတွေကို အကာအကွယ်ပေးနိုင်မှာဖြစ်တယ်လို့ မစ်ချ် မက္ကော်နယ်တို့က ဆိုပါတယ်။ လွှတ်တော်ကနေ လုပ်ပိုင်ခွင့်ပေးထားပါလျက် ဒီလိုအသက်ကယ်ပစ္စည်းတွေကို မပေးဘူးဆိုတဲ့မူဝါဒဆုံးဖြတ်ချက်ကို ပြန်လည်စဥ်းစားဖို့လည်း လွှတ်တော်အမတ်တွေက အစိုးရကို တိုက်တွန်းပါတယ်။

ဒါအပြင် လက်ရှိ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေ အရမ်းရှည်ကြာလာနိုင်တဲ့ အလားအလာ၊ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားနိုင်ခြေ၊မြန်မာ့ပြည်တွင်းရေးကို အကြောင်းပြုပြီး တရုတ်က ကြားဝင် အမြတ်ထုတ်နိုင်ခြေ စတာတွေကို စိုးရိမ်သင့်တဲ့ ရှုထောင့်ကနေ ဖော်ပြထားခဲ့ပါတယ်။

အထူးသဖြင့် အမေရိကန် အစိုးရအနေနဲ့ အာဏာသိမ်း စစ်တပ်ကို ကြံ့ကြံ့ခံ တွန်းလှန် ရပ်တည်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို ထိထိရောက်ရောက် ချိတ်ဆက် ပံ့ပိုးမှုတွေ အစပြုဖို့ တောင်းဆိုထားပါတယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေနဲ့ ခြုံငုံထိတွေ့နိုင်မယ့် proactive ချဉ်းကပ်မှု မဟာဗျူဟာမျိုး အမေရိကန် ကျင့်သုံးသင့်ပြီလို့ တိုက်တွန်းထားသလို အကျိုးဆက် အနေနဲ့ ဖက်ဒရယ် မူဘောင်နဲ့ ကိုက်ညီတဲ့ အနာဂတ် ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးကို အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုထားပါတယ်။

နောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)တို့လို အင်အားစုတွေ၊ ပြည်တွင်းမှာ ထိန်းချုပ်နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ သံတမန်ရေး ထိတွေ့ဆွေးနွေးမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်သင့်တယ် ဆိုတာကိုလည်း စာထဲမှာ ထောက်ပြထားပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု အနေနဲ့ တရုတ်ဟာ အိမ်နီးချင်း နိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေကို နောက်ကွယ်ကနေ လိုသလို ခြယ်လှယ်ရင်း အမြတ်ထုတ်နေတာကို သတိထားဖို့ လိုတယ်လို့ စာထဲမှာ အလေးအနက် ဖော်ပြထားပါတယ်။ ဒီအခြေအနေကို တန်ပြန်ဖို့ အမေရိကန်ဟာ အာဆီယံ အဖွဲ့အစည်းအဖြင် အင်ဒို-ပစိဖိတ် ဒေသတွင်းက လက်တွဲဖော်တွေဖြစ်တဲ့ ထိုင်း၊ ဂျပန်၊ အိန္ဒိယတို့လို နိုင်ငံတွေနဲ့ သံတမန်ရေး အရရော၊ ပူးပေါင်းဆောင်ရွက်မှုတွေမှာပါ ဂရုတစိုက် ရွေးချယ် ရှေ့ဆက်သင့်တယ်လို့ ဆိုထားပါတယ်။

နောက်ပြီး တည်ငြိမ်တဲ့၊ ဒီမိုကရေစီ ထွန်းကားတဲ့ အနာဂတ် နိုင်ငံရေး အခြေအနေမျိုး မြန်မာနိုင်ငံမှာ ထူထောင်ပေးဖို့အတွက် တော်လှန်ရေး အင်အားစုတွေကို နိုင်ငံတကာ ထောက်ခံရပ်တည်ပေးမှုတွေ လိုအပ်တယ်လို့လည်း ပေးစာမှာ ဖော်ပြထားပါတယ်။မြန်မာပြည်သူတွေအပေါ် ဗိုလ်ကျ အနိုင်ကျင့်မှုတွေ ကျူးလွန်နေသူ တစ်ဦးချင်းစီကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး တွန်းအားပေး လုပ်ဆောင်ဖို့ အမေရိကန်က အလေးထား ကူညီပေးသင့်တယ်လို့လည်း တိုက်တွန်းထားပါသေးတယ်။

ပေးစာရဲ့ အဆုံးပိုင်းမှာတော့ အာဏာသိမ်း စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူတင်သွင်းမှု လမ်းကြောင်းတွေကို ပိတ်ပင်တာ အပါအဝင် ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ရှိရင်းစွဲ သတ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်သုံးသပ်သင့်ကြောင်း အကြံပြုထားပါတယ်။စင်ကာပူ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် စင်ကာပူကနေ မြန်မာစစ်တပ်ဆီ လက်နက် တင်သွင်းမှု လမ်းကြောင်းတွေ ကန့်သတ်ပစ်လိုက် နိုင်ခဲ့တာကို စာထဲမှာ ချီးကျူး အသိအမှတ် ပြုထားပြီး ထိုင်း၊ ဗီယက်နမ်တို့လို နိုင်ငံတွေနဲ့လည်း အလားတူ ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

အနှစ်ချုပ် အနေနဲ့တော့ အမေရိကန် အထက်လွှတ်တော် အမတ်တွေရဲ့ အိတ်ဖွင့် ပေးစာထဲမှာ အမေရိကန် အစိုးရ အနေနဲ့ မြန်မာ့အကျပ်အတည်းမှာ ဒီမိုကရေစီ ထွန်းကားပြီး ငြိမ်းချမ်းတဲ့ ရလဒ်တွေဆီ ဦးတည်နိုင်မယ့် ဖြေရှင်းမှုမျိုး အကောင်အထည် ပေါ်လာစေရေး တွန်းအားပေး ကူညီဖို့ အလေးအနက် တိုက်တွန်းထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။