Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် အလင်းဝင်စစ်သားများအား ကြိုဆိုသည့် အဖြူရောင်လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြည်သူများက အဖြူရောင်အင်္ကျီများဝတ်ဆင်၍ အလင်းဝင်လာသည့် စစ်သားများအား ကြိုဆိုကြောင်း ပြသခဲ့ကြသည်။

ဓာတ်ပုံ - အရာတော်နှင့် မုံရွာ လူထုသပိတ်ကော်မတီ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြည်သူများက အဖြူရောင်အင်္ကျီများဝတ်ဆင်၍ အလင်းဝင်လာသည့် စစ်သားများအား ကြိုဆိုကြောင်း ပြသခဲ့ကြသည်။

ဇူလိုင် ၂၉ရက်က မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အဖြူရောင်အဝတ်များ ဝတ်ဆင်သည့် အဖြူရောင်လှုပ်ရှားမှုကို ဆောင်ရွက်ပြီး ဘက်ပြောင်းခိုလှုံလာခဲ့သည့် စစ်သားများ အားလုံးကို ကြိုဆိုပြောင်း ပြသခဲ့ကြသည်ဟု အရာတော်လူထုသပိတ်ဦးဆောင်ကော်မတီက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၁ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ လက်နက်ချ အလင်းဝင်လာသည့် စစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ဦးနှင့် နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုထံ မျက်နှာမူခဲ့သည့် စစ်သားများအားလုံးကို ကြိုဆိုနေသည် သိရှိစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

ထို့အပြင် ကျေးလက်လူထုသည်လည်း ဘူးသပိတ်တိုက်ပွဲ၌ ပါဝင်ဆင်နွှဲလျက်ရှိကြောင်းနှင့် မြို့ပြလူထုမှလည်း ပါဝင်လှုပ်ရှားကြရန် ဘန်နာများ ကိုင်စွဲကာ ချီတက်ခဲ့ကြသည်။

အဆိုပါအဖြူရောင်လှုပ်ရှားမှုကို သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများနှင့် မြင်းမူလူငယ်အင်အားစုများက ဦးဆောင်စီစဥ်ခဲ့ကြပြီး အရာတော်သပိတ်ကော်မတီနှင့် မုံရွာလူထုသပိတ် ကော်မတီက ဝန်းရံချီတက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။