Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်ဗျူဟာကုန်းသိမ်းဓါတ်ပုံများကို PLA ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်၏ မိုးမိတ်ဗျူဟာကုန်းကို TNLA ၊ PLA ၊ PDF ပူး​ပေါင်းတပ်များက ဇူလိုင် ၃၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​​သောမှတ်တမ်းဓါတ်ပုံများကို PLA ကထုတ်ပြန်လိုက်သည်။

ဓါတ်ပုံ-PLA

People’s Spring

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်၏ မိုးမိတ်ဗျူဟာကုန်းကို TNLA ၊ PLA ၊ PDF ပူး​ပေါင်းတပ်များက ဇူလိုင် ၃၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​​သောမှတ်တမ်းဓါတ်ပုံများကို PLA ကထုတ်ပြန်လိုက်သည်။

မိုးမိတ်မြို့ရှိ လက်ကျန်တပ်စခန်း စကခ (၂၁) ၊ ခလရ (၃၄၈) တို့အထိုင်ချထားသည့်မိုးမိတ်ဗျူဟာကုန်းကို ဇူလိုင် ၃၁ ရက်နေ့ နံနက် (၁၁ နာရီအချိန်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF )တို့ ပူးပေါင်း၍ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိူင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်​သော ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ တစ်လကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး စစ်​ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများစွာ​ပေးသည့်ကြားမှ ​တော်လှန်​ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့​​ခြင်း ဖြစ်သည်။

စစ်​ကောင်စီက မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် ဇူလိုင် ၃၁ ရက်က ဗျူဟာကုန်းနှင့် ဒိုးပင်ရွာကို Y12​လေယာဥ်ဖြင့် ဗုံး အလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း​ဖော်ပြထားသည်။

ဗျူဟာကုန်းမှ စက်လက် ၊နက်နက်ကြီး များအပါအဝင် လက်နက်မျိုးစုံနှင့် ခဲယမ်းများသိမ်းဆည်းရရှိသည်ကိုလည်း PLA ထုတ်ပြန်​သောသတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လည်း “ဒီကနေ့မှာတော့ မိုးမိတ်မှာရှိတဲ့ စစ်ကောင်စီ ဗျူဟာကုန်းနဲ့ အခြားတပ်စခန်းတွေကို ကျမတို့ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မိုးမိတ်အပြင် ကျောက်မဲ (၅၀၁) (၅၀၂)မှာလည်း တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။” ဟုဇူလိုင် ၃၁ ရက်တွင် People’s Spring သို့ပြောသည်။

TNLA နှင့် မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဇွန်လ ၂၅ရက်တွင် စတင်ခဲ့ရာ ဇူလိုင် ၁၀ရက်တွင်နောင်ချိုမြို့၊ ဇူလိုင် ၂၄ရက်တွင် မိုးကုတ်မြို့၊ ဇူလိုင် ၃၁ရက်တွင် မိုးမိတ်မြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မိုးမိတ်မြို့ရှိ စစ်​ကောင်စီတပ်၏ ဗျူဟာကုန်းကို​တော်လှန်​ရေးတပ်များသိမ်းပိုက်ပြီး​နောက်မြင်ကွင်းနှင့် မြို့သိမ်းတိုက်ပွဲမှ PLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PLA

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။