Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် YBS ပေါ် သစ်ပင်လဲကျ

ရွှေဂုံတိုင်လမ်းမပေါ် ငါးထပ်ကြီးမှတ်တိုင်အနီး၌ ဩဂုတ် ၁ရက် နေ့လယ် ၁ နာရီခန့်တွင် YBS -145 ကားပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်က ဆိုသည်။

ဓာတ်ပုံ - Myanmar Fire Services Department

သတိုး/People’s Spring

ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ YBS ယာဉ်တစ်စီးပေါ် သစ်ပင်လဲကျမှုဖြစ်ုပီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

ရွှေဂုံတိုင်လမ်းမပေါ် ငါးထပ်ကြီးမှတ်တိုင်အနီး၌ ဩဂုတ် ၁ရက် နေ့လယ် ၁ နာရီခန့်တွင် YBS -145 ကားပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်က ဆိုသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1030885388537004

သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေရာ ယင်းနေရာသို့ ရှောင်ရှားသွားရန် စမ်းချောင်းမြို့နယ် အရန် မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က ၎င်း၏ဖေ့စ်ဘွတ်ခ်မှလည်း အသိပေးထားသည်။

“အရေးကြီးသွားလာမည့်သူများ တာမွေနှင့်ရွေဂုံတိုင်ကြားလမ်းမကြီးအား ခေတ္တရှောင်ရှားမောင်းနှင်နိုင်ပါရန်။ရဟန်းရှင်လူမိဘပြည်သူများသွားလာနေတဲ့ လမ်းမကြီးအမြန်ပွင့်ဖို့ အဖွဲ့စုံဖြင့် သစ်ပင်ကြီးအားရှင်းလင်းလျက်ရှိပါတယ်ခင်ဗျာ။” ဟု ရဲသူရိန်က ရေးသားထားသည်။

အဆိုပါလမ်းပိတ်ဆို့မှုကြောင့် ယင်းလမ်းမှ ပြေးဆွဲသည့် YBSယာဉ်များ အခြားလမ်းများမှ ပြောင်းလဲ ပြေး‌‌ဆွဲနေရကြောင်း YBS စီးနင်းသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။