Connect with us

Hi, what are you looking for?

သတင်း

မိုးမောက် ခမရ(၄၃၇)တပ်ရင်းကို KIA ပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇) တပ်ရင်းဌာနချုပ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇) တပ်ရင်းဌာနချုပ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်ရင်းကို မေလမှစ၍ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သိမ်းပိုက်မရနိုင်သေး၍ ဇူလိုင် ၂၄ရက်တွင် KIA၊ KPDFနှင့် AA ပူးပေါင်းတပ်များက ထပ်မံ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၄ရက်မှ ဩဂုတ် ၂ရက်အထိ ၁၀ရက် ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မိုးမောက်မှာ ၁၀ရက်နေ့မြောက် တိုက်ပွဲ ပြင်းထန်နေပါတယ်။ မိုးမောက်မှာနောက်ဆုံးကျန်နေတဲ့ ခမရ(၄၃၇)တပ်ရင်းဌာနချုပ်ကို KIA၊ AA၊ KPDF ပူးပေါင်းတပ်ဖွဲ့များအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၂ရက်ညပိုင်းတွင် ပြောသည်။

KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း မိုးမောက်၌ တိုက်ပွဲဆက်ဖြစ်နေကြောင်း ယမန်နေ့နံနက်က ပြောကြားထားသည်။

KIAသည် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း ထိုးစစ်ဆင်လျက်ရှိရာ အဆိုပါလမ်းပိုင်းရှိ တီယန်ဇွပ်တပ်စခန်းကို ယမန်နေ့မနက်တွင်သိမ်းယူနိုင်ခဲ့သည်။ ထို့ပြင် အင်ဆောပ်ရွာတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။