Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၃)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၃)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ-ပုသိမ်လမ်း မြောက်ယမားတံတားပေါ်မှာ ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲကော်မတီက ဦးဆောင်ပြီး “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ” စာသားကိုင်ဆွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည်။

ယင်းမာပင်ဒေသတွင်း ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း၊ မြောက်ခြမ်းကျေးရွာများ သပိတ်စစ်ကြောင်းတို့က အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်းမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး “လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” စာသားကိုင်ဆွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စကြဝတေးမင်းကြီးသပိတ်အဖွဲဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူး ” စာတန်း (ဗီနိုင်း)အား ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC၊ စကြဝတြေးမင်းကြီးသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။