Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့်ပူးပေါင်းသူများကို ဖမ်းမိပါက ကရင်နီပြည်ရဲဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ထုတ်ပြန်

KSPသည် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်ခဲ့ရာ ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ၏ ဘက်တော် သားများဖြစ်ကြသည့် စစ်သား၊ရဲ၊ ဒလန်မျာကို စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေးနှင့်အညီ အသက်ရှင်သန်ခွင့်ပေးကာ ချုပ်နှောင်ထားကြောင်း ဖော်ပြသည်။

ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနှင့် ပူး ပေါင်းဆောင်ရွက်နေသော မည်သူကိုမဆို ဖမ်းဆီးရမိပါက ကရင်နီပြည်ရဲဌာန(KSP)နှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားကြောင်း KSPက ယနေ့(အောက်တိုဘာ၁၆) ထုတ်ပြန်သည်။

KSPသည် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်ခဲ့ရာ ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ၏ ဘက်တော် သားများဖြစ်ကြသည့် စစ်သား၊ရဲ၊ ဒလန်မျာကို စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေးနှင့်အညီ အသက်ရှင်သန်ခွင့်ပေးကာ ချုပ်နှောင်ထားကြောင်း ဖော်ပြသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့်ပါဝင် ပတ်သက်မှု လုံး၀မပြုလုပ်ကြရန် အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း၌ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီတပ်မတော်(KNPP/KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက စစ်ကောင်စီကိုခုခံတော်လှန်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်တွင် တိုက်ပွဲကာလတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဒလံများကို တန်ပြန်ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းပြီး ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF) ကို ဖွဲ့စည်းခဲ့ပြီးနောက် စစ်သုံ့ပန်းနှင့် ဒလံဆိုင်ရာ မူဝါဒများပါဝင်ရာ မူဝါဒများနှင့်အညီ ဒလံများကို ဖမ်းစီးထိန်းသိမ်းခြင်းနှင့် စစ်ဆေးမေးမြန်းလုပ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလမှစ၍ ကရင်နီရဲဌာန သို့ ဖမ်းဆီးရမိသူများကို လွဲပြောင်းကာ အရေးယူလျက်ရှိကြောင်း KNDFက ထုတ်ပြန်ထားသည်။

KNDF မှ ဒလံများ၊ ဒလံဟုသံသယံရှိသူများကို ဖမ်းစီးထိန်းသိမ်းမှုများ ရှိသော်လည်း အသက်အန္တရာယ်ကို ချိန်းခြောက်သောလုပ်ရပ်များ၊ လုပ်ကြံသတ်ဖြတ်မှုများ ၊ပြန်ပေးဆွဲမှု များကို လုံးဝလုပ်ဆောင်ခြင်းမရှိကြောင်း၊ ယင်းလုပ်ရပ်မျာသည်KNDF၏ မူဝါဒများနှင့် ဆန့်ကျင်နေ၍ဖြစ်ကြောင်း၊ ထို့ကြောင့် မြေပြင်တွေဖြစ်ပေါ်နေသော ၄င်းလုပ်ရပ်များသည် KNDF နှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။