Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့်ပူးပေါင်းသူများကို ဖမ်းမိပါက ကရင်နီပြည်ရဲဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ထုတ်ပြန်

KSPသည် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်ခဲ့ရာ ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ၏ ဘက်တော် သားများဖြစ်ကြသည့် စစ်သား၊ရဲ၊ ဒလန်မျာကို စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေးနှင့်အညီ အသက်ရှင်သန်ခွင့်ပေးကာ ချုပ်နှောင်ထားကြောင်း ဖော်ပြသည်။

ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနှင့် ပူး ပေါင်းဆောင်ရွက်နေသော မည်သူကိုမဆို ဖမ်းဆီးရမိပါက ကရင်နီပြည်ရဲဌာန(KSP)နှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားကြောင်း KSPက ယနေ့(အောက်တိုဘာ၁၆) ထုတ်ပြန်သည်။

KSPသည် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်ခဲ့ရာ ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ၏ ဘက်တော် သားများဖြစ်ကြသည့် စစ်သား၊ရဲ၊ ဒလန်မျာကို စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေးနှင့်အညီ အသက်ရှင်သန်ခွင့်ပေးကာ ချုပ်နှောင်ထားကြောင်း ဖော်ပြသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့်ပါဝင် ပတ်သက်မှု လုံး၀မပြုလုပ်ကြရန် အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း၌ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီတပ်မတော်(KNPP/KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက စစ်ကောင်စီကိုခုခံတော်လှန်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်တွင် တိုက်ပွဲကာလတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဒလံများကို တန်ပြန်ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းပြီး ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF) ကို ဖွဲ့စည်းခဲ့ပြီးနောက် စစ်သုံ့ပန်းနှင့် ဒလံဆိုင်ရာ မူဝါဒများပါဝင်ရာ မူဝါဒများနှင့်အညီ ဒလံများကို ဖမ်းစီးထိန်းသိမ်းခြင်းနှင့် စစ်ဆေးမေးမြန်းလုပ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလမှစ၍ ကရင်နီရဲဌာန သို့ ဖမ်းဆီးရမိသူများကို လွဲပြောင်းကာ အရေးယူလျက်ရှိကြောင်း KNDFက ထုတ်ပြန်ထားသည်။

KNDF မှ ဒလံများ၊ ဒလံဟုသံသယံရှိသူများကို ဖမ်းစီးထိန်းသိမ်းမှုများ ရှိသော်လည်း အသက်အန္တရာယ်ကို ချိန်းခြောက်သောလုပ်ရပ်များ၊ လုပ်ကြံသတ်ဖြတ်မှုများ ၊ပြန်ပေးဆွဲမှု များကို လုံးဝလုပ်ဆောင်ခြင်းမရှိကြောင်း၊ ယင်းလုပ်ရပ်မျာသည်KNDF၏ မူဝါဒများနှင့် ဆန့်ကျင်နေ၍ဖြစ်ကြောင်း၊ ထို့ကြောင့် မြေပြင်တွေဖြစ်ပေါ်နေသော ၄င်းလုပ်ရပ်များသည် KNDF နှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။